မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ(Belt and Road Initiative)၏ ပွင့်လင်းမြင်သာစွာတည်ဆောက်ရေး နှီးနှောဖလှယ်ပွဲတက်ရောက်ပြီး မန္တလေးမြို့သို့ပြန်လည်ရောက်ရှိ
မန္တလေး ဩဂုတ် ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ(Belt and Road Initiative)၏ ပွင့်လင်းမြင်သာစွာ တည်ဆောက်ရေး နှီးနှောဖလှယ်ပွဲ (The Belt and Road Integrity Construction Local Seminar between Yunnan, China and Southeast Asian Countries) သို့ တက်ရောက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့မှ မန္တလေးမြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။
ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အရှေ့တောင်အာရှနိုင်ငံများနှင့် နိုင်ငံတကာကူးလူး ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်း လာစေရန်၊ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရန်၊ နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုကို တားဆီး နှိမ်နင်းရေးနှင့် ပတ်သက်သော အစီအမံများ ဆောင်ရွက်ရန်နှင့် လိုက်လျောညီထွေမှုတည်ဆောက် ရန်တို့အတွက် ရည်ရွယ်ကျင်းပသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ (Belt and Road Initiative) ၏ ပွင့်လင်းမြင်သာစွာ တည်ဆောက်ရေး နှီးနှော ဖလှယ်ပွဲကို ကူမင်းမြို့၌ ဩဂုတ် ၂၈ ရက်မှ ဩဂုတ် ၂၉ ရက်အထိ ကျင်းပခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်