မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများ ကြည့်ရှုအားပေး

 

မန္တလေး   ဧပြီ    ၁၁
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ခူးလဆန်း ၃ ရက်၊ ခရစ်နှစ်  ၂၀၂၄ ခုနှစ်    ဧပြီ ၁၁ ရက်   ညနေပိုင်းတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့်  မန္တလေးမြို့ တော်     မဟာသင်္ကြန်မဏ္ဍပ်      ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့်အစမ်းလေ့ကျင့်ခြင်းကို   ချမ်းအေးသာစံ မြို့နယ် ၂၆ လမ်း၊    ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ မန္တလေးမြို့တော်  မဟာသင်္ကြန်မဏ္ဍပ်ရှေ့၌   ကျင်းပ  ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး  ဝန်ကြီးများနှင့်   တာဝန်ရှိသူများက   သွားရောက်ကြည့်ရှုအားပေးကြသည်။ 
ဖွင့်ပွဲအခမ်းအနား   ဝတ်စုံပြည့်အစမ်းလေ့ကျင့် ရာ၌ ဖွင့်ပွဲအစီအစဉ်ပါအတိုင်း နေရာအသီးသီးယူကြ ပြီး ခရုသင်းမှုတ်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ယိမ်းအဖွဲ့  များနှင့်   အခြေခံပညာကျောင်းသူများ  ယိမ်းသမီး ပျိုလေး စုစုပေါင်းအင်အား ၉၀၀ တို့က အနုပညာဦးစီး  ဌာန၊ မန္တလေးဌာနခွဲမှ မင်္ဂလာစည်တော်၊ ဆိုင်းအဖွဲ့ တို့နှင့်တွဲဖက်၍      သင်္ကြန်အဖွင့်သီချင်း၊    သင်္ကြန်  ယိမ်းအကတို့ဖြင့် ကပြဖျော်ဖြေခြင်းများကို  ဝတ်စုံ ပြည့်ဖြင့်  ဆောင်ရွက်ကြပြီး   မြို့မငွေငန်းအလှပြ ယာဉ်က မဏ္ဍပ်ရှေ့မှ ဖြတ်သန်းဂါရဝပြုခြင်းတို့ကို ဆောင်ရွက်ကြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က     ကြည့်ရှုအားပေးပြီး    လိုအပ်သည်များကို တာဝန်ရှိသူများအား  ဖြည့်ဆည်းဆောင်ရွက်ပေး ကြောင်းနှင့်   ယင်းနောက်  မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယိမ်းသမီးပျိုလေး  များ၏   သင်္ကြန်ယိမ်းအကများဖြင့်  ကပြမှုများကို ဆက်လက်ကြည့်ရှုအားပေးကာ      ဂုဏ်ပြုငွေများ  ချီးမြှင့်ခဲ့ကြောင်း သိရသည်။       
သတင်းစဉ်