မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို ရတနာပုံတက္ကသိုလ်  (၂၂) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

 

 

မန္တလေး   ဖေဖော်ဝါရီ    ၂၂
ရတနာပုံတက္ကသိုလ် (၂၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက  အမရပူရမြို့နယ်ရှိ အဆိုပါတက္ကသိုလ်ပင်မဆောင်၌ ကျင်းပရာ    မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက် ကြသည်။  
ထို့နောက်   အခမ်းအနားကို   ကျောင်းသား   ကျောင်းသူလေးများက  ရတနာပုံသီချင်းဖြင့် ဂုဏ်ပြု သီဆိုဖွင့်လှစ်သည်။
ရှေးဦးစွာ    တိုင်းဒေသကြီး   ဝန်ကြီးချုပ်က နိုင်ငံတော်အတွက် လိုအပ်သည့် အရည်အချင်းပြည့်မီ ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် လူ့စွမ်းအားအရင်း အမြစ်များ   မွေးထုတ်ပေးနိုင်ရန်     အဆင့်မြင့်ပညာ ကဏ္ဍ၊  တက္ကသိုလ်များက  အကောင်အထည်ဖော် လျက်ရှိရာ သင်ကြားမှု၊ သင်ယူမှုအတွက်သာမက    သုတေသနများ  ဆောင်ရွက်ရန်  အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း၊        နိုင်ငံတကာနှင့်    ချိတ်ဆက်ကာ  ပညာသင်ဖလှယ်ရေး၊   သုတေသန လုပ်ငန်းနှင့် ဆန်းသစ်တီထွင်မှုများကို အလေးထား     ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊   ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အရည်အသွေးမြင့်မားရေးအတွက်  ခေတ်နှင့်အညီ တိုးတက်ဖြစ်ထွန်းနေသော    နည်းပညာများ    သိရှိ နားလည်တတ်ကျွမ်းစေရန် လေ့ကျင့်သင်ကြားပေး ရမည်ဖြစ်ပြီး မိမိတို့၏ပညာစွမ်းအားနှင့်  ပေါင်းစပ်ပြီး “ပညာပြည့်ဝ နှလုံးလှ၊ လောကတစ်ခွင် ကောင်းကျိုး ဆင်” ဆိုသည့် ရတနာပုံတက္ကသိုလ်၏ ဆောင်ပုဒ်နှင့် အညီ နိုင်ငံ၏ ပြည်သူ့အကျိုးအတွက် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားကြ မည်ဖြစ်ကြောင်း ပြောကြားသည်။ 
ထို့နောက် (၂၂)  နှစ်မြောက် နှစ်ပတ်လည်နေ့   အထိမ်းအမှတ်ပြပွဲ    ပြိုင်ပွဲများ၊  စာတမ်းဖတ်ပွဲနှင့်       သင်တန်းဆင်းပွဲများအတွက် ဂုဏ်ပြုဆုများ ချီးမြှင့် သည်။
ယင်းနောက်   တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်     တိုင်းဒေသကြီး  ဝန်ကြီးများနှင့် တာဝန်ရှိသူများက   ရတနာပုံတက္ကသိုလ် (၂၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လမ်းအမည်ဆိုင်းဘုတ်များ စိုက်ထူ ခဲ့ကြောင်း သိရသည်။                          သတင်းစဉ်