မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် သူနာပြု၊ သားဖွား (ဒီပလိုမာ) သင်တန်းဆင်း သစ်လွင်ဝန်ထမ်းသူနာပြု ဆရာ ဆရာမများအား တွေ့ဆုံ

 

မန္တလေး   မတ်     ၃


မန္တလေးတိုင်းဒေသကြီး    အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းခွင်    ဝင်ရောက်မည့်   သူနာပြု၊   သားဖွား  (ဒီပလိုမာ) သင်တန်းဆင်း သစ်လွင်သူနာပြု ဆရာ ဆရာမများအား တာဝန်ကျဒေသများသို့ မထွက်ခွာမီ     ဗဟုသုတရရန်နှင့် အပန်းဖြေနိုင်ရန် ပြင်ဦးလွင်မြို့သို့ လေ့လာရေးခရီး   ဆောင်ရွက်ပေးခဲ့ရာ  မန္တလေးမှ    မထွက်ခွာမီ အဆိုပါဆရာ ဆရာမများအား တိုင်းဒေသ ကြီး ဝန်ကြီးချုပ်  ဦးမောင်ကိုနှင့်   တိုင်းဒေသကြီး ဝန်ကြီးများက  ချမ်းမြသာစည်မြို့နယ်ရှိ     သူနာပြု သင်တန်းကျောင်း (မန္တလေး)  သို့  ယမန်နေ့နံနက် ပိုင်းက ပို့ဆောင်နှုတ်ဆက်ကြသည်။

 


အဆိုပါ လေ့လာရေးအဖွဲ့အား ပြင်ဦးလွင်မြို့သို့      ရောက်ရှိစဉ်     ပြင်ဦးလွင်ခရိုင်     စီမံအုပ်ချုပ်ရေး  ကောင်စီအဖွဲ့၊   အဖွဲ့ဝင်  (၁)  ဒုတိယ  ဗိုလ်မှူးကြီး     မျိုးထက်ဝင်းနှင့် တာဝန်ရှိသူများက   ကြိုဆိုနှုတ်ဆက် ကာ ခရီးစဉ်တစ်လျှောက် လိုက်ပါဆောင်ရွက်ပေး ခဲ့ပြီး အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိ စဉ်    သစ်ခွခြံများ၊   ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်၊  လိပ်ပြာမျိုးစုံပြခန်းများ၊ ပန်းမန်မျိုးစုံ စိုက်ပျိုးထားရှိ မှုများအား    လိုက်လံကြည့်ရှုလေ့လာ    အပန်းဖြေ ကြသည်။ 

 


ထို့နောက် မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားသို့     သွားရောက်    ဖူးမြော်ကြည်ညိုကြပြီး ပွဲကောက်ရေတံခွန်သို့   ဆက်လက်ထွက်ခွာလာပြီး    အဆိုပါ ရေတံခွန်တွင် အသစ်ပြန်လည်ပြုပြင် မွမ်းမံ ထားသော  မှန်တံတား၊  ရေတံခွန်များ  ကြည့်ရှုအပန်း ဖြေကာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နေ့လယ်စ ဖြင့် တည်ခင်းဧည့်ခံပြီး ဆက်လက်၍   ဒီဇင်ဘာ ပန်းခြံသို့  ရောက်ရှိအပန်းဖြေပြီးနောက်  မန္တလေးမြို့ သို့ ပြန်လည် ထွက်ခွာလာခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်