မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မည့်ပစ္စည်းများ ပြင်ဆင်ထုပ်ပိုးနေမှု လိုက်လံကြည့်ရှုအားပေး

မန္တလေး ဖေဖော်ဝါရီ ၁၃


မန္တလေးတိုင်းဒေသကြီး  ဝန်ကြီး ချုပ်  ဦးမျိုးအောင်သည်  တိုင်း ဒေသကြီး ဝန်ကြီးများ၊  တာဝန်ရှိ သူများနှင့်အတူ  ယနေ့မွန်းလွဲပိုင်း တွင်   ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်     စည်ပင်သာယာ ရေး ကော်မတီရုံး   မြို့တော်ခန်းမ၌ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ် ရေးတာဝန်များကို  စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေး      တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မည့်       ပစ္စည်းများ ပြင်ဆင်ထုပ်ပိုးနေမှုကို လိုက်လံ ကြည့်ရှုသည်။


ထိုသို့ ကြည့်ရှုစဉ် တာဝန်ရှိသူ များက စေတနာရှင်ပြည်သူများ လှူဒါန်းသည့် စားသောက်ဖွယ်ရာ များကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ထောက်ပံ့ပေးပို့ရန်အတွက် ဌာန ဆိုင်ရာဝန်ထမ်းများက စနစ်တကျ ပြင်ဆင်ထုပ်ပိုးနေမှုကို ရှင်းလင်း ပြသကြရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က လိုအပ်သည်များကို ဖြည့် ဆည်းဆောင်ရွက်ပေးပြီး လုပ်ငန်း ဆောင်ရွက်နေသူများကို လိုက်လံ အားပေးခဲ့သည်။      

သတင်းစဉ်