
မန္တလေး ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကိုသည် တိုင်းဒေသ ကြီး ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးမြို့တော်ဝန် ဦးကျော် ဆန်း၊ ဦးသိန်းဋ္ဌေး၊ ဦးမျိုးအောင်၊ ရဲမှူးချုပ် စိန်လွင်တို့နှင့်အတူ ဧရာဝတီမြစ်(မရမ်းခြံ) မင်းကွန်း ဆိပ်ကမ်းသို့ ယနေ့ညနေပိုင်းက ရောက်ရှိပြီးနောက် မြို့တော်ဝန် ဦးကျော်ဆန်းနှင့် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး တို့က ဆိပ်ကမ်းသန့်ရှင်းသာယာ လှပရေး လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြ သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် က မင်းကွန်းဆိပ်ကမ်းကို မြစ်ကြောင်း ဥပဒေနှင့်အညီ ဆိပ်ကမ်းတိုးချဲ့ ဆောင်ရွက်နိုင်မှု ရှိ မရှိ၊ ထိုသို့ တိုးချဲ့ရာတွင် မြစ်ကြောင်းထိခိုက်မှု၊ ရေယာဉ် များ သွားလာမှု အန္တရာယ်ရှိ မရှိတို့ကို မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် ရေ အရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ ပေါင်းစပ်ဆောင်ရွက်ပြီး အသေးစိတ် တွက်ချက်တင်ပြ သွားရန်၊ ပြည်တွင်းပြည်ပ ခရီး သွားဧည့်သည်များ စိတ်ချမ်းမြေ့ စွာဖြင့် သွားလာနိုင်ရန်အတွက် ဆိပ်ကမ်း သန့်ရှင်းသာယာလှပ ရေးကို အလေးထားဆောင်ရွက် ရန်၊ ရေကြောင်းဖြင့် ကုန်စည် ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ် အနည်းဆုံးဖြစ်သဖြင့် ကုန်တင် ရေယာဉ်များ အခက်အခဲမရှိ သွားလာနိုင်ရန် ရေလမ်းကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းကွန်း ဆိပ်ကမ်းမှ အမရပူရမြို့နယ် ရွှေကြက်ကျ ဆိပ်ကမ်းအထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေယာဉ်ဖြင့် လိုက်လံကြည့်ရှု စစ်ဆေးပြီး ဆိပ်ကမ်းများသန့်ရှင်း သာယာလှပရေး၊ ကုန်တင် ရေယာဉ်ကြီးများ ကုန်တင်ကုန်ချ ဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုကြောင်း သတင်းရရှိ သည်။
သတင်းစဉ်