
မန္တလေး မေ ၃
မန္တလေးတိုင်းဒေသကြီး အတွင်း စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးနိုင်ရေးနှင့် ကြွေးကျန် များ စနစ်တကျကောက်ခံရေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်း က မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်း အဝေးခန်းမ၌ ကျင်းပရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး အတွင်းရှိ တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သတ်မှတ်စည်းကမ်းများနှင့်အညီ စိုက်ပျိုးစရိတ် ချေးငွေများ နှစ်စဉ် ထုတ်ချေးပေးလျက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လည်း လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန်အပြင် ကိုဗစ်-၁၉အထူး ချေးငွေများကိုလည်း ထုတ်ချေး ပေးလျက်ရှိကြောင်း၊ ချေးငွေ များ ပြန်လည်ကောက်ခံချိန်တွင် အခက်အခဲမရှိရေး ဌာနဆိုင်ရာ များအလိုက် ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ပေးဆပ်ရမည့်ကာလ ဖြေလျှော့ သကဲ့သို့ ချေးငွေကာလကို လည်း တိုးမြှင့်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မိုးရာသီစိုက်ပျိုး ချိန်အတွက် တောင်သူလက်ဝယ် သို့ ချေးငွေများ မှန်ကန်မြန်ဆန်စွာ ရောက်ရှိရေး ပူးပေါင်းဆောင်ရွက် ရန်လိုကြောင်း၊ ကြွေးဟောင်းများ အမြန်ပေးဆပ်ပြီး ချေးငွေသစ် များ ထုတ်ချေးနိုင်ရန် စည်းရုံး ဆောင်ရွက်သွားရန် လိုကြောင်း၊ ချေးငွေများ မှန်ကန်စွာသုံးစွဲရန် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဘဏ်ခွဲအလိုက် လုံခြုံရေးဂရုပြု ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး က စိုက်ပျိုးတောင်သူများအတွက် ချေးငွေများထုတ်ချေးပေးနိုင်ရေးနှင့် ကြွေးကျန်များရရှိရေးအတွက် ဆောင်ရွက်နေမှုများကို လည်း ကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးမင်းသူက ချေးငွေ ထုတ်ပေးသည့်စနစ်နှင့် ကြွေးကျန် များ ဖြစ်ပေါ်ရသည့် အကြောင်း ရင်းများ၊ ကြွေးကျန်ပေးဆပ်ခြင်းမရှိမှုများအပေါ် ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။ သတင်းစဉ်