မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် အသက်မွေးကျောင်းအထောက်အကူပြု စက်ချုပ်နည်းပညာအဆင့်မြင့် နှစ်လသင်တန်းဆင်းပွဲတက်ရောက်

 

မန္တလေး  ဩဂုတ်  ၂


မန္တလေးတိုင်းဒေသကြီး   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့်   သမဝါယမ  ကောလိပ် (မန္တလေး)တို့  ပူးပေါင်းဖွင့်လှစ်သော  အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု  စက်ချုပ်အဆင့်မြင့် နှစ်လသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက    ပုသိမ်ကြီးမြို့နယ်   ရန်ကင်းတောင်ခြေရှိ အဆိုပါ ကောလိပ်တွင်ကျင်းပသည်။ 

 


အခမ်းအနားတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက   သင်တန်းဆင်း     အမှာစကားပြောကြား ရာတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ က   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်        သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီး၌     ဘွဲ့ရပညာ တတ်များ၊    ကျွမ်းကျင်ပညာရှင်၊    ကျွမ်းကျင်လုပ်သား များ၊    အသက်မွေးဝမ်းကျောင်းပညာရှင်များ၊ လုပ်ငန်းရှင်များ  သင်ကြားမွေးထုတ်နိုင်ရန်အတွက် အလေးထားဆောင်ရွက်ပေးနေပြီး  တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊   ကျေးလက်ဒေသနေပြည်သူများ  အလုပ်အကိုင်ရရှိရေးနှင့်  စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်စေရန်   အရင်းမပျောက် မတည် ရန်ပုံငွေထူထောင်ပေးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများနှင့်   အသက်မွေးဝမ်း ကျောင်းသင်တန်းများ     ဖွင့်လှစ်ပို့ချပေးလျက်ရှိ ကြောင်း၊  သင်ယူထားသည့်  ပညာရပ်တစ်ခုကို   တန်ဖိုးထားကာ လက်တွေ့ဘဝတွင် ကျွမ်းကျင်ပိုင် နိုင်စွာ  အသုံးချနိုင်ရန်  ဆက်လက်လေ့လာသင်ယူနေရ မည်ဖြစ်ကြောင်း  ပြောကြားသည်။ 

 


ဆက်လက်၍  သမဝါယမကောလိပ် (မန္တလေး)ကျောင်းအုပ်  ဒေါက်တာတင်မူအေးက  ကျောင်း၏ နောက်ခံသမိုင်းနှင့်   လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က သင်တန်းထူးချွန်ဆုနှင့် သင်တန်းသူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက  သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း    ပေးအပ်ကာ   သင်တန်းသူများ ချုပ်လုပ်ထားသည့်   အဝတ်အထည်များကို   လိုက်လံ ကြည့်ရှုသည်။

 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ကျောင်းအုပ်၊ သင်ကြားရေး ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ကျောင်း၏ လိုအပ်ချက် များ၊ ဆရာ ဆရာမများ၏ အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးပြီး  ကျောင်းအတွင်း  လှည့်လည် ကြည့်ရှုကြောင်း သတင်းရရှိသည်။

      
 သတင်းစဉ်