
မန္တလေး အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့်အတူ အသက် ၁၂ နှစ်ပြည့်ပြီးသည့် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးနေသည့် အမှတ်(၈) နှင့် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းများသို့ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုကာ ကျောင်းသား ကျောင်းသူများနှင့် မိဘများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများပြောကြားသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသား ကျောင်းသူများ၊ ၎င်းတို့၏ မိဘများနှင့် တွေ့ဆုံပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို အခြားသောနိုင်ငံများတွင်လည်း အသက်(၁၂)နှစ် အထက် ကျောင်းသား ကျောင်းသူများအား ထိုးနှံပေး လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးခြင်းဖြင့် အကျိုး ကျေးဇူးများရရှိသည့်အပြင် ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးသည့် Sinovac အမျိုးအစား ကာကွယ်ဆေးမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြုထားသည့် ဆေးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံလိုက်ရသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများထိုးပြီးပါက ကျောင်းများပြန်ဖွင့်မည်ဖြစ်၍ မိမိတို့၏သားသမီး များ ကာကွယ်ဆေးထိုးနှံရာတွင် မိဘများကပါဝင် ပူးပေါင်းရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ကာကွယ်ဆေးမထိုးမီ လိုအပ် သည့်ကျန်းမာရေးစစ်ဆေးနေမှုများ၊ ဆေးထိုးနှံပေး နေမှုများ၊ စာရင်းသွင်းနေမှုများကို လိုက်လံကြည့်ရှုပြီး ဆေးထိုးနှံရန်ပူးပေါင်းဆောင်ရွက်နေသော ကျန်းမာ ရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း များကို ဦးတည်အုပ်စုများသတ်မှတ်ပြီး ဦးစားပေး ထိုးနှံပေးလျက်ရှိရာ အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် အသက်(၁၂)နှစ်အထက် ပညာ သင်ယူနေသော ကျောင်းသား ကျောင်းသူများ ပါဝင် ပြီး မိဘများ၏ခွင့်ပြုချက်ရယူပြီးမှသာ ဆေးထိုးနှံ ပေးခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်ထိုးနှံရက်မှစ၍ ၂၁ ရက်မှ ၂၈ ရက်အတွင်း ဒုတိယအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုများမြင့်မားလာပြီး ရောဂါဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ စင်ကာပူ၊ မလေး ရှားနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင်လည်း ကျောင်းနေ အရွယ်ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး များထိုးနှံပေးနေကြောင်း သိရသည်။ သတင်းစဉ်