
နေပြည်တော် ဇွန် ၆
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆောက်တောဝကျေးရွာရှိ တောင်သူလယ်သမားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ စံပြစိုက်ကွက်၌ သွားရောက် တွေ့ဆုံသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက မိုးစပါးသီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့် နွေစပါးစံပြကွက်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တောင်သူလယ်သမားများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ နွေစပါးတစ်ဧက တင်း ၁၀၀ နှင့် တင်း ၁၂၀ အထက် ထွက်ရှိရေး စံပြအကွက်စိုက်ခင်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်