နေပြည်တော် ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ငွေကျပ်သိန်း ၅၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်း အရ ဩဂုတ် ၂၇ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ် တွင် မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ စိုးတင့် အား စစ်ဆေး ရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါး များလက်ခံမည့်သူ စိုင်းခမ်းတီ အား အောင်မြေ သာစံမြို့နယ် မဟာဇေယျာဘုံရပ်ကွက်တွင်မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း ကွင်းဆက်စစ်ဆေးဖော်ထုတ် ချက်အရ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်း တွင် ကံထူးတင်သိန်း အား စိတ်ပြောင်းဆေးဝါး များဖြစ်သည့် အက်တက်စီဆေးပြား ၄၉၀၀၊ Happy-5 ဆေးပြား ၃၈၀၊ ကက်တမင်း ၉၅၀ ဂရမ်၊ TOYOTA FIELDER မော်တော်ယာဉ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါး များယူဆောင်ခိုင်းသူ အောင်ဘုန်းမြတ် အား တောင်ဥက္ကလာပမြို့နယ် (၁၁)ရပ်ကွက် မေတ္တာလမ်းရှိ ၎င်း၏နေအိမ်တွင် စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက် တမင်း) ၄၇၀ ဂရမ်၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ နှင့် လည်း ကောင်း၊ ဩဂုတ် ၂၈ ရက် နံနက် ၁၁ နာရီ တွင် စိတ်ပြောင်းဆေးဝါးများအား လူမဲ့ တန်ဆာဖြင့် ပို့ဆောင်ပေးသူ ဝါဝါလွင်(ခ)စန္ဒာ အား ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာ ရပ်ကွက်(၁)တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၅၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များဖြစ်သည့် Happy Water ၂ ဒသမ ၄၅ ကီလို၊ အက်တက်စီဆေးပြား ၄၉၀၀၊ Happy-5 ဆေးပြား ၃၈၀၊ ကက်တမင်း ၉၅၀ ဂရမ်၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၇၀ ဂရမ်၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေး တောင့် ၇၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့သို့ သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ် များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်