မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ရဲစခန်းများကို လေးခွ၊ ဓာတ်ဆီပုလင်းတို့ဖြင့် အကြမ်းဖက်ရန်ပြု၍ ပစ်ခတ်မှုဖြစ်ပွား

နေပြည်တော်   မတ်   ၁၄ 
နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာ ရေးနှင့် လုံခြုံရေးကိုမလိုလားသည့် လူစုလူဝေးများ အနေဖြင့် မသမာသူတို့၏ နောက်ကွယ်မှ သွေးထိုး စည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စု များ     ရောက်ရှိအောင်      ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ်အောင် ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များအား   ထိပ်တိုက်ရန်ပြု၍   မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်မှုများနှင့် ရဲတပ်ဖွဲ့စခန်းများသို့ စီးနင်း ဝင်ရောက် အကြမ်းဖက်ရန်ပြုခြင်းများကို တစ်နေ့ တခြားပိုမိုတိုးမြှင့်       လုပ်ဆောင်လာနေသည်ကို  တွေ့ရှိရသည်။ 
သွားရောက်ကယ်ထုတ်
ထိုသို့ဆောင်ရွက်မှုများအဖြစ် မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ်နေသူ ဦးဇော်လွင် မိသားစု၏     အိမ်ကို   အကြမ်းဖက်လူအုပ်စုက သတင်းပေးဟု         ခေါင်းစဉ်တပ်အကြောင်းပြု၍ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ကာ ၅၉ လမ်းနှင့် ၁၁၂ လမ်းထောင့်ရှိ သံဓိသုခဓမ္မာရုံအတွင်းချုပ်နှောင်ထားရှိသဖြင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များက    သွားရောက် ကယ်ထုတ်ခဲ့ပြီး လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ရသည်။ 
ထို့သို့လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက် ချက်ကို ကျေနပ်မှုမရှိသော အကြမ်းဖက်လူအုပ်စုက  မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် မဟာအောင်မြေမြို့နယ် ချမ်းမြသာစည်  (မြောက်)  ရပ်ကွက်၊   ၇၈  လမ်းနှင့်  ၄၂  လမ်းထောင့်ရှိ  ရဲစခန်းကို  ၇၈  လမ်းမှ မောင်းနှင် လာသည့် ဆိုင်ကယ် ၅ စီး၊ လူ ၁၀ ဦးခန့် (စိစစ်ဆဲ) တို့က ရဲစခန်းမြောက်ဘက်ပေါက်ကို လေးခွများဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ  အဆိုပါ လေးခွ ဖြင့်     အကြမ်းဖက်ပစ်ခတ်သူများမှာ     မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့ပြင် အောင်မြေသာစံ မြို့နယ် သီရိမာလာ အရှေ့ရပ်ကွက် အကွက် (၂၀၀)၊ ၂၆ လမ်း၊ ၈၉x၉၀ လမ်းကြားရှိ ရဲစခန်းကို  ၂၆  လမ်း ပေါ်မှ  ဆိုင်ကယ်  ၆  စီးဖြင့် လူ ၁၂ ဦးခန့် (စိစစ်ဆဲ) မောင်းနှင်ရောက်ရှိလာပြီး လမ်းလယ်မျဉ်းနေရာမှ ရဲစခန်းဝင်းအတွင်းသို့ မီးရှို့ထားသော ဓာတ်ဆီပုလင်း ၂ လုံး၊ ရဲစခန်းရှေ့မျက်နှာစာသို့ ဓာတ်ဆီပုလင်း ၁ လုံးတို့ဖြင့် အကြမ်းဖက်ရန်ပြု ပစ်ပေါက်ခဲ့ရာ ရဲစခန်း ဝင်းရှိ     စစ်ရေးပြကွင်း၊       နေအိမ်လိုင်းခန်းရှေ့နှင့် ရဲစခန်းဝင်ပေါက် အနီးတို့တွင် ကျရောက်ခဲ့သဖြင့် ရဲစခန်းရှိ   တပ်ဖွဲ့ဝင်များက   ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရာ      အဆိုပါ       အကြမ်းဖက်သူများမှာ    မောင်းနှင်ထွက်ပြေးသွားခဲ့က​ြောင်း သိရသည်။ 
အလားတူ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် မဟာအောင်မြေမြို့နယ် ၈၃ လမ်း၊ ၃၅x၃၆ လမ်းရှိ ရဲစခန်းကို ဆိုင်ကယ် ၁ စီးနှင့် လူ ၂ ဦး(စိစစ်ဆဲ) မှ ဓာတ်ဆီပုလင်း တစ်လုံးအား မီးရှို့၍ အကြမ်းဖက် ရန်ပြုပစ်ပေါက်ခဲ့ရာ    ရဲစခန်းခြံစည်းရိုးကို   ထိမှန် ကျရောက်ခဲ့သဖြင့်      လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါအကြမ်း ဖက်သူများမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင်    ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်းနှင့်  ၆၂ လမ်းထောင့်ရှိ  ရဲစခန်း ကိုဆိုင်ကယ် ၁ စီးနှင့် လူ ၂ ဦး(စိစစ်ဆဲ)မှ ဓာတ်ဆီ ပုလင်း  ၁  လုံးကို မီးရှို့ကာ  အကြမ်းဖက်ရန်ပြုပစ်ပေါက် ခဲ့ရာ ရဲစခန်းအတွင်းရှိ အိမ်ထောင်သည်  လိုင်းခန်း အနီး ကျရောက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါ အကြမ်း ဖက်သူများမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ 
မင်းမဲ့စရိုက်လုပ်ဆောင်
အလားတူ မဟာအောင်မ​ြေမြို့နယ် ၈၁ လမ်း၊ လမ်း  ၄၀  နှင့်  ၄၁ လမ်းကြား၊  ရပ်ကွက်အတွင်း လမ်းများပိတ်၍       လုံခြုံရေးတပ်ဖွဲ့ဝင်များအား သတင်းပေးဟု စွပ်စွဲကာ အကြမ်းဖက်သူလူအုပ်စုက ဝင်/ထွက်    လမ်းများတွင်    တာယာကွင်းများပုံ၍ မီးရှို့ခြင်း၊   အသံပေးလက်လုပ်ဗုံးများ  ပစ်ခတ်ခြင်း၊ ငြာသံပေးအော်ဟစ်ခြင်းစသည်ဖြင့်   မင်းမဲ့စရိုက် ဆန်ဆန်  လုပ်ဆောင်လာသောကြောင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များ  အချိန်မီသွားရောက်၍  ဒေသတွင်း အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးအတွက် လူစုခွဲဆောင်ရွက်ခဲ့ရသည်။ 
ဖြစ်စဉ်များတွင်    ဆူပူအကြမ်းဖက်သူများ၏ ဓာတ်ဆီပုလင်းဖြင့် ပစ်ခတ်မှုနှင့်လေးခွဖြင့် ပစ်ခတ် မှုတို့ကြောင့်      တပ်ဖွဲ့ဝင်နှင့်  အဆောက်အဦများ ထိခိုက်ပျက်စီး၊ ဒဏ်ရာရရှိမှုမရှိကြောင်း၊ လူစုခွဲခြင်း ဆောင်ရွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက် ဒဏ်ရာရရှိကာ ဆူပူအကြမ်းဖက်သူ အမျိုးသား ၁၅ ဦးအား ဥပဒေအရ အရေးယူနိုင်ရေး ထိန်းသိမ်း ထားရှိကြောင်းနှင့် အကြမ်းဖက်လုပ်ရပ် ကျူးလွန် သူများအား   ဥပဒေနှင့်အညီ   စိစစ်ဖော်ထုတ်အမှု ဖွင့်လှစ်အရေးယူနိုင်ရေး   ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။                               သတင်းစဉ်