မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဖေဖော်ဝါရီ   ၆


ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးဝင်းဖေသည်  ဖေဖော်ဝါရီ   ၄  ရက် နံနက်ပိုင်းက ရန်ကုန်-မန္တလေး   အမြန်လမ်းမကြီးတစ်လျှောက် (နေပြည်တော်-မန္တလေး)လမ်းပိုင်းကို   ကြည့်ရှု စစ်ဆေးပြီး ၂၈၅ မိုင်အနီး    ယာဉ်ရပ်နားစခန်းနေရာ များတွင် စည်းကမ်းမဲ့ ဈေးရောင်းချနေသည့် ကျူးကျော် ဈေးသည်များမရှိစေရေး၊    အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်  ကြီးကြပ်ရေးအဖွဲ့  တာဝန်ရှိ သူများကို မှာကြားသည်။  ဆက်လက်၍ တံတားဦး မြို့နယ်  မန္တလေး-ရန်ကုန်လမ်းပေါ်ရှိ  (ပန်းဆေး ကျောင်း)  တံတားဆောက်လုပ်ပြီးစီးမှုကို   ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ 


မွန်းလွဲပိုင်းတွင်  ဒုတိယဝန်ကြီးသည် B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသည့်    မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းရှိ  Oriental Highway Company ရှင်းလင်းဆောင်၌  နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန် စည်းကြပ်မှုဆိုင်ရာလုပ်ငန်းများကို    အလေးထား ဆောင်ရွက်ကြရန် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး၊ ကုန်စည်စီးဆင်းမှု၊ နှောင့်နှေးကြန့်ကြာမှုမဖြစ်စေရေး တို့ကို တာဝန်ရှိသူများကို မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်  အဖွဲ့သည်  မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်း၊    (မန္တလေး-ပြင်ဦးလွင်လမ်း)လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်မြို့ လမ်းဦးစီးဌာန ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးရုံးတွင်   ဝန်ထမ်းများနှင့်တွေ့ဆုံ သည်။ 


တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက  ဝန်ထမ်းများ  ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းအတိုင်း နေထိုင်ကြရန်၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန်  လိုအပ်ကြောင်း မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင် ချိန်တွင်  ကိုဗစ် -၁၉  ရောဂါ ကူးစက်မှုမရှိစေရေး   သတိပြုရန်လိုကြောင်း မှာကြားပြီး  လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များကလည်း  ဝန်ထမ်းရေးရာများနှင့်ပတ်သက်၍   လိုအပ်သည်များ  မှာကြားခဲ့ကြောင်း သိရသည်။        

                              
သတင်းစဉ်