မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ တောင်သူများနှင့် တွေ့ဆုံနှီးနှောဖလှယ်ပွဲ တက်ရောက်လာသူများ၏ ရင်တွင်းစကားသံများ

 

တွေ့ဆုံမေးမြန်း - ထိပ်ထားနိုင်
 

“တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝမြှင့်တင်ဖို့ အားလုံးအတူ ဆွေးနွေးစို့”ဆောင်ပုဒ်ဖြင့် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး ရေးလုပ်ငန်းရှင်များ၊   တောင်သူများနှင့်   တွေ့ဆုံနှီးနှောဖလှယ်ပွဲကို  ဒီဇင်ဘာ   ၂၃  ရက်က    မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပသည်။ အဆိုပါ တွေ့ဆုံနှီးနှောဖလှယ်ပွဲနှင့် ပတ်သက်၍ ကဏ္ဍစုံမှ တက်ရောက်လာသူများ၏ ရင်တွင်းစကားသံများကို တွေ့ဆုံမေးမြန်းထားသည်။
ဦးတိုးမင်း
ညွှန်ကြားရေးမှူး
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးက နိုင်ငံတော် ရဲ့ အရေးပါသော   ကဏ္ဍဖြစ်ပြီး   နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့    ကျေးလက်မှာ    နေထိုင်သော တောင်သူများရဲ့   လူမှုဘဝတိုးတက်မြင့်မား‌ရေးက အဓိကကျတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ တောင်သူ များရဲ့ လူနေမှုဘဝတိုးတက်မြင့်မားစေရန်အတွက် ကြုံတွေ့ရတဲ့  အခက်အခဲပြဿနာတွေကို  ဝိုင်းဝန်း ကူညီအဖြေရှာပေးခြင်းနဲ့       ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ပေါ်ထွန်းလာစေဖို့ မျှော်မှန်းပြီး မန္တလေး တိုင်းဒေသကြီးအတွင်းရှိ   စိုက်ပျိုးရေးလုပ်ငန်းရှင် များ၊  တောင်သူများနဲ့  တွေ့ဆုံနှီးနှောဖလှယ်ပွဲကို မန္တလေးမြို့မှာ ပထမဆုံးအကြိမ်အဖြစ် အနှစ်သာရ ရှိရှိ   စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ဖို့ မန္တလေး တိုင်းဒေသကြီးအစိုးရကနေ     ဖြစ်မြောက်ရေး ဆပ်ကော်မတီတစ်ခုဖွဲ့စည်းပြီး   ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ 
ဆောင်ရွက်တဲ့နေရာမှာ မြို့နယ် ၁၁ ခု ကနေ တောင်သူပေါင်း    ၁၅၀၀   ကို  ဖိတ်ခေါ်တယ်။ သက်ဆိုင်ရာ ဝန်ထမ်း ၃၀၀ ကျော် လုပ်ငန်းရှင်တွေနဲ့ ပေါင်းစပ်ပြီးတော့ စုစုပေါင်း  လူအင်အား  ၂၀၀၀ ကျော်နဲ့ တက်ရောက်ဆောင်ရွက်ခဲ့တယ်။ ဒီတွေ့ဆုံ နှီးနှောဖလှယ်ပွဲမှာ       ပညာရှင်ကြီးများဖြစ်တဲ့ ဒေါက်တာတင်ထွဋ်လို    စပါးပညာရှင်တွေ၊  ဝါနဲ့ ပတ်သက်ပြီး ဒေါက်တာဘွဲ့တွေ ရထားတဲ့ ဒေါက်တာ ခင်မျိုးငြိမ်း ၊ ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနဦးစီးဌာနက ဒေါ်ခင်မျိုးဝင်း စတဲ့ပညာရှင် တွေကို ဖိတ်ကြားခဲ့တယ်။ ဒါ့အပြင် ပညာရှင်တစ်ဦး ဖြစ်တဲ့   ဦးအောင်မျိုးဦးဆိုရင်   တောင်သူရယ်၊ လုပ်ငန်းရှင်ရယ်၊    ဌာနရယ်   ပေါင်းစပ်ပြီးတော့  မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားအောင် လုပ်ငန်းရှင်အနေနဲ့    ပူးပေါင်းပါဝင်  ဆောင်ရွက်ခဲ့တာပါ။ ဒီလုပ်ငန်းစဉ် တွေအားလုံး     အောင်မြင်ဖို့အတွက် ပညာရှင်များက တောင်သူများနဲ့အတူ လုပ်ငန်းရှင်များပါ ပူးပေါင်း ဆွေးနွေးခြင်းဖြင့် လုပ်ငန်းကြီးတစ်ခုလုံး တစ်ရက် တာအတွင်း ထိရောက်အောင်မြင်အောင်  ဆောင်ရွက် ပေးမှာဖြစ်သလို   ပြခန်းပေါင်း  ၃၀ နဲ့ ဖွဲ့စည်းထားပြီး လုပ်ငန်းရှင်တွေက     အရည်အသွေးကောင်းပြီး   တရားဝင်တင်သွင်း   ထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချတဲ့ ပစ္စည်းတွေကို   တောင်သူတွေနဲ့  မိတ်ဆက်မယ်၊  ရောင်းချမယ်    အသိပညာ  အတတ်ပညာတွေကို ဆွေးနွေးဖလှယ်တာတွေ ပြုလုပ်တာ ဖြစ်ပါတယ်။
ဒေါက်တာတင်ထွဋ်
အမြဲတမ်းအတွင်းဝန်(ငြိမ်း)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒီဆွေးနွေးပွဲက တောင်သူတွေအတွက် အင်မတန် လိုအပ်တယ်လို့ ထင်မိပါတယ်။ အကုန်အကျများတယ် လို့ ကျွန်တော်တို့ သုံးသပ်လို့ရသော်လည်း အကုန် အကျများသလောက်     တောင်သူတွေအတွက် အတွေးသစ်  အမြင်သစ်များနဲ့ လူအားလုံးကိုတော့ မဆိုလိုပါဘူး၊ တချို့ရသွားတဲ့အပိုင်းလည်း ရသွား မယ်။ ဒီထဲမှာ လုပ်ငန်းရှင်တွေလည်း ပါတဲ့အတွက် သူတို့ဘယ်အပိုင်းက ပါဝင်ကြမယ်ဆိုတဲ့ အသိလည်း ရသွားမယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်ခြင်းဖြင့် တောင်သူတွေအနေနဲ့  ပညာရှင်တွေရဲ့ ဖုန်းနံပါတ် တွေ ရမယ်။ စပါးနဲ့ ပတ်သက်တဲ့ဟာတွေ၊ စိုက်ပျိုးရေး အတွက်   မျိုးတွေနည်းစနစ်တွေ၊ အနေအထားတွေ ပြီးတော့ သူတို့အတွေးတွေရသွားမယ်။ ဝါလည်းပါတဲ့ အတွက် ဝါစိုက်တောင်သူတွေအတွက် အရေးကြီး တဲ့   သတင်းအချက်အလက်တွေ၊  နောက်တစ်ခုက ဆီထွက်သီးနှံနဲ့ ပတ်သက်ပြီးတော့ ဆီထွက်သီးနှံ ပညာရှင်ကိုယ်တိုင် ပါဝင်တဲ့အတွက်  သူတို့အနေနဲ့  ဘာတွေလိုက်နာရမယ်၊     ဘာတွေဆောင်ရွက်ဖို့ မသင့်ဘူးဆိုတာတွေကို ရသွားမှာပါ။ တောင်သူတွေ လည်း ဒီကရသွားတဲ့ အသိတွေနဲ့ သုံးသပ်ပြီး ပြန်လည် အသုံးချနိုင်မယ်လို့  ထင်ပါတယ်။   တကယ်တော့ တောင်သူတွေကို အဓိက‌ပေးချင်တဲ့ အချက်အလက် က တောင်သူလယ်သမားတစ်ဦးတည်း၊  ဝန်ကြီးဌာန တစ်ခုတည်း၊   ပုဂ္ဂလိကတစ်ခုတည်း  ဆောင်ရွက်လို့ မရပါဘူး။ အင်မတန်အင်အားကြီးတဲ့   သံကွင်းဆက် ကြီးတွေလို တစ်ခုနဲ့တစ်ခု  ဆက်စပ်ချိတ်ဆက်မှု ကောင်းကောင်းနဲ့ လုပ်ကိုင်ဆောင်ရွက်သွားကြမှ လိုချင်တာကို ဖြစ်မှာပါလို့ ပြောချင်ပါတယ်။ 
ဦးအောင်မျိုးဦး
လယ်ယာအထောက်အကူပြုစခန်း
ရှေ့ပြေးစီမံကိန်းဥက္ကဋ္ဌ
ကျေးလက်နေပြည်သူလူထုရဲ့ ဆင်းရဲနွမ်းပါးမှု ကို လျော့နည်းခြင်းမှသည်     ပပျောက်သည်အထိ    တက်လှမ်းနိုင်ဖို့၊  တစ်ဆင့်ပြီးတစ်ဆင့်  တက်လှမ်း နိုင်ဖို့အတွက် စိုက်ပျိုးရေးတစ်ခုတည်းနဲ့ ရပ်တည် လို့မရပါဘူး။    စိုက်ပျိုးရေးကို    မွေးမြူရေးနဲ့ အထောက်အကူပြုရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး မွေးမြူရေးအပြင် လယ်ယာသစ်တော၊ သီးနှံသစ်တော ရောနှောစိုက်ခြင်း စတဲ့နည်းပညာတွေကို ရောစပ်ပြီး တော့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီအတွက် လက်ရှိတောင်သူလယ်သမားတွေအတွက် တစ်နှစ် ပျမ်းမျှဝင်ငွေ ၁၀ သိန်း၊ ၁၅ သိန်း၊ သိန်း ၂၀ စသဖြင့် အနှိမ့်ဆုံးသော လူမှုစီးပွားဘဝလိုအပ်ချက်အတွက် များစွာလျော့နည်းနေတဲ့ အခြေအနေကနေ လူမှု စီးပွားဘဝလိုအပ်ချက်တွေကို   ဖြည့်ဆည်းနိုင်တဲ့ ဝင်ငွေတစ်ရပ်   ရရှိတဲ့အထိ   ဆောင်ရွက်ဖို့  လိုအပ် ပါတယ်။ 
ဒီအခမ်းအနားကနေ လယ်ယာစိုက်ပျိုးရေးကို  လုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားတွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့   အခက်အခဲတွေကနေ   ဘယ်လို လွတ်မြောက်အောင်      လုပ်ကြမလဲဆိုတာကို   ကောင်းစွာသိရှိနိုင်အောင်   ဆွေးနွေးကြတာ ဖြစ်ပါ တယ်။ ပညာရှင်တွေလည်း သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက်    ဆွေးနွေးပညာပေးပြီး  အသိပညာတွေ မျှဝေကြမှာဖြစ်ပါတယ်။ အဓိကကတော့ တောင်သူ လယ်သမား နိုင်ငံတော်အစိုးရနဲ့ ဌာနဆိုင်ရာတာဝန် ရှိသူတွေ၊   လုပ်ငန်းရှင်တွေ၊ ကျေးလက်နေပြည်သူတွေ ဘယ်လိုပေါင်းစပ်ပြီးတော့ ဆောင်ရွက်ကြမလဲဆိုတဲ့  နမူနာဖွဲ့စည်းဆောင်ရွက်ဖို့ အသိဉာဏ်တွေ   အတွေး အမြင်တွေရသွားမှာ    ဖြစ်ပါတယ်။   တောင်သူ လယ်သမားများအတွက်    အလွန်အဖိုးတန်လှတဲ့ အခမ်းအနားဖြစ်ပါတယ်လို့ ထင်မိပါတယ်။  
ဦးဝင်းကျော်
ဝါအထူးဆု ပထမဆုရသူ
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဆည်ကြီးကျေးရွာ
အခုလို   တောင်သူတွေနဲ့  ဌာနပေါင်းစုံတွေ့ပြီး တောင်သူတွေရဲ့ဘဝကို အခုလို မြေတောင်မြှောက် ပေးတဲ့အတွက် ဝမ်းသာပါတယ်။ အခုလို ဂုဏ်ပြုပေး ပြီး နှီးနှောဖလှယ်ပွဲတွေ လုပ်ပေးတဲ့အတွက် ဂုဏ်ယူ မိပါတယ်။ တောင်သူတွေအတွက် ဒီပွဲကနေ စိုက်ပျိုး ပုံနည်းစနစ်တွေ နည်းပညာတွေ အများကြီးရပါတယ်။ တောင်သူတွေနဲ့  ပညာရှင်တွေ  အခုလို ဆက်တိုက် တွေ့ဆုံပေးပြီး အသိပညာပေးတာတွေ လုပ်ပေးရင် စိုက်ပျိုးရေးလုပ်တဲ့နေရာမှာ ဒီထက်တိုးတက်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် နှစ်တိုင်းဒီလိုမျိုးပွဲလေးတွေ လုပ်ပေးဖို့ အကြံပြုချင်ပါတယ်။ ကျွန်တော်ကတော့ စိုက်ပျိုးရေးဦးစီးဌာနက ဝါမျိုးစေ့ရယ်၊ ပိုးသတ်ဆေး ရယ်ရရှိပြီး ပုလဲမြေသြဇာတွေကိုလည်း ထိုက်သင့်တဲ့ စျေးနဲ့ထုတ်ပေးတဲ့အတွက် တောင်သူတွေအတွက် အကျိုးရှိပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနနဲ့ တောင်သူ ပူးပေါင်း  သီးနှံအထွက်ကောင်း  ဆောင်ပုဒ်နဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် နိုင်ငံတော်အနေနဲ့ ပထမဆုရခဲ့တာဖြစ်ပါတယ်။ တောင်သူတွေကို နိုင်ငံ တော်အနေနဲ့ နည်းပညာတွေ၊ မျိုးစေ့ကောင်းတွေ ဒီထက်ပံ့ပိုးပေးနိုင်မယ်ဆိုရင်   စပါး၊  ပဲ၊  ဝါ၊  နှမ်း၊ ပြောင်း စတဲ့သီးနှံတွေစိုက်တဲ့အခါ ဒီထက် အထွက် တိုးမယ်လို့ ထင်မိပါတယ်။ 
ဦးသန်းဇော်မင်း
နေကြာ ပထမဆု
စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာ
ဒီလိုပွဲတွေ ကျင်းပပေးတဲ့အတွက် တောင်သူ တွေအတွက်     အကျိုးရှိမယ်လို့    ထင်မိပါတယ်။ တောင်သူတော်တော်များများနဲ့ တွေ့ရတယ်။  တွေ့တဲ့ အခါမှာ တစ်ယောက်နဲ့တစ်ယောက် စိုက်ပျိုးတဲ့ပုံစံ တွေ ဖလှယ်ကြတယ်။ ဒါ့အပြင် စိုက်ပျိုးရေးပညာရှင် တွေကလည်း စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ နည်းပညာ တွေကို ဟောပြောဆွေးနွေးပေးတော့ အသိပညာတွေ ရပါတယ်။ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအသစ်တွေ   ရပါတယ်။  ပြခန်းတွေပါတဲ့ အတွက် တောင်သူတွေအတွက် မျိုးကောင်းမျိုးသန့် တွေလည်း  ရနိုင်တယ်။  အစိုးရအနေနဲ့ တောင်သူတွေ အတွက်  ဒီထက်ပိုပြီး  စိုက်ပျိုးရေးအသိပညာတွေ ပေးတာတွေ၊    နည်းပညာတွေ    ကွင်းဆင်းပြီး စနစ်တကျ ပြောပြပေးတာတွေတော့ လုပ်ပေးစေချင် ပါတယ်။
ဦးအေးမောင်
တောင်သူ
သာစည်မြို့နယ်၊ ကံရှည်ကျေးရွာအုပ်စု၊ မြေဇူကျေးရွာ
ဒီလိုဆွေးနွေးပွဲတွေကို  များများလုပ်စေချင်ပါ တယ်။   တောင်သူတွေ  ဗဟုသုတတွေကြွယ်ပြီး တောင်သူ လုပ်ပုံကအစ သုံးစွဲရတဲ့ မြေသြဇာသုံးစွဲပုံ တွေရော အကုန်လုံးပြောပြပေးတဲ့အတွက် အကျိုးရှိ တာပေါ့။ ဒီကနေရတဲ့အသိဉာဏ်တွေကို ကိုယ့်ဒေသ ရောက်ရင်လည်း ပြန်ပြီးမျှဝေနိုင်မယ်လို့ ထင်ပါတယ်။ ကျေးရွာတွေမှာ စိုက်ပျိုးရေးဦးစီးဌာနရဲ့ လမ်းညွှန်မှု တွေ၊    နည်းပညာဖြန့်ဝေမှုတွေနဲ့   စိုက်ပျိုးနေတဲ့ အတွက် စပါးတစ်ဧကကို တင်း ၅၀၊ ၆၀၊ ၇၀ အထိ အထွက်နှုန်းတွေတိုးပြီး ထွက်ပါတယ်။ ဒီထက်ပိုပြီး ပျိုးထောင်ခြင်းကအစ နည်းပညာတွေ ဖြန့်ဝေပေး စေချင်ပါတယ်။ တောင်သူတွေ သီးနှံအထွက်တိုးရင် ပြည်သူတွေ ဖောဖောသီသီ  စားနိုင်  သုံးနိုင်မယ်လို့ ထင်မိပါတယ်။ 
အဆိုပါ         မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊      တောင်သူများနှင့် တွေ့ဆုံနှီးနှောဖလှယ်ပွဲကို    တိုင်းဒေသကြီးအစိုးရ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တွေ့ဆုံ၍ နှီးနှော ဖလှယ်ခြင်းဖြင့်    တောင်သူ၊   လုပ်ငန်းရှင်များ၏ အခက်အခဲပြသနာများကို ဝိုင်းဝန်းအဖြေရှာ ကူညီ ဖြေရှင်းပေးနိုင်ရန်၊ နှီးနှောဖလှယ်ပွဲကို လာရောက် ခြင်းအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းအထောက်အကူပြုပစ္စည်းများ၊   အရည်အသွေးမီ  သွင်းအားစုများ၊ ဘေးအန္တရာယ်ကင်းရှင်းသော သီးနှံထုတ်ကုန်များ ကို  သုံးစွဲတတ်စေရန်၊    မိရိုးဖလာ   စိုက်ပျိုးရေ ကွက်ဆင့်သောက်စနစ်မှ စနစ်တကျလယ်ယာမြေသို့ ကူးပြောင်းပြီး ခေတ်မီလယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ    အသုံးပြုလာစေရန်၊   စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု     လျော့နည်းသက်သာ စေရန်နှင့်   ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင်  တောင်သူများ ကိုယ်တိုင်    ပူးပေါင်းပါဝင်လာစေရန်   ရေအသုံးချသူများအဖွဲ့များ  တိုးတက်ဖွဲ့စည်းနိုင်ရန်၊  အစိုးရ၊ ပုဂ္ဂလိကနှင့်   တောင်သူများ ပူးပေါင်း ပညာပေးဆွေးနွေးခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နှီးနှောဖလှယ်ပွဲမှတစ်ဆင့် စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာဗဟုသုတများ အား အပြန်အလှန် မျှဝေခြင်းဖြင့် ကောင်းမွန်သည့် ဆက်သွယ်မှုကွန်ရက် ဖော်ဆောင်နိုင်ရန်  ရည်ရွယ်၍  ကျင်းပခြင်းဖြစ်ပြီး  တွေ့ဆုံနှီးနှော ဖလှယ်ပွဲအပြင် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်သည့် ပြခန်းပေါင်း ၃၀ ကိုလည်း ခင်းကျင်းပြသထားကြောင်း သိရသည်။