
မန္တလေး ဩဂုတ် ၅
ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုး သားရေးလက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ရမည့်တာဝန်မှာ နိုင်ငံသား တိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ် (မန္တလေး) က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ဂီတ၊ သဘင်၊ ပန်းချီ စသည့် အနု သုခုမပညာရပ်များကို လက်ဆင့် ကမ်းမျှဝေခြင်း ဆောင်ရွက်မည့် “ယဉ်ကျေးလိမ္မာ မြန်မာ့အနု ပညာ” အစီအစဉ် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြည်ထောင် စုဝန်ကြီး ဦးကိုကိုက “ယဉ်ကျေး လိမ္မာမြန်မာ့ အနုပညာအစီအစဉ်” သည် ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းမှု ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း များတွင် ဂီတ၊ သဘင်၊ ပန်းချီ စသည့် အနုသုခုမပညာရပ်များကို လက်ဆင့်ကမ်း မျှဝေပေးသည့် အစီအစဉ် ဖြစ်ပါကြောင်း။
အနာဂတ် မျိုးဆက်သစ် လူငယ်များဖြစ်သည့် ကျောင်းသား ကျောင်းသူများ၏ ရိုးရာယဉ်ကျေး မှုအပေါ် မြတ်နိုးတန်ဖိုးထားလို စိတ်၊ အမျိုးကိုချစ်သည့်စိတ်လည်း အရေးကြီးပါကြောင်း၊ ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ ယနေ့ခေတ် လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ် သည့်အတွက် ပညာရေးအဆင့် မြင့်မားမှုနှင့်အတူ အမျိုးသားရေး စရိုက်လက္ခဏာများ မကွယ် ပျောက်စေဘဲ ယဉ်ကျေးမှု အား ကောင်းလာစေရေးကို ရည်မှန်းပြီး ယဉ်ကျေးလိမ္မာ၊ မြန်မာ့အနုပညာ အစီအစဉ်ကို ဖော်ထုတ်ရခြင်းပင် ဖြစ်ကြောင်း။
လက်ဆင့်ကမ်းမျှဝေပေးမည့် အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ် (မန္တလေး) က ဆရာ ဆရာမများနှင့် အမွေဆက် ခံယူကြမည့် အခြေခံပညာကျောင်း များမှ ကျောင်းသား ကျောင်းသူ များအနေဖြင့် ရရှိလာသည့် အခွင့်အလမ်းကို အကျိုးရှိရှိ အသုံးချသွားကြရန် မှာကြား သည်။
ဆက်လက်ပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းတို့က ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြော ကြားကြပြီး အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက “ယဉ်ကျေး လိမ္မာ မြန်မာ့အနုပညာ”အစီအစဉ် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ဂီတပညာဌာန၊ သဘင် ပညာဌာနနှင့် ပန်းချီပညာဌာနတို့ ပူးပေါင်းစီစဉ် တင်ဆက်သည့် “တက္ကသီလံရွှေစာရံ” တေးသီချင်း အကအလှဖြင့်လည်းကောင်း၊ အနု ပညာဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ထုတ်လုပ်ဌာနစုမှ “ အ - အက္ခရာ အောင်ပါစေ” ယိမ်းအကဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။
အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က “ယဉ်ကျေးလိမ္မာ မြန်မာ့အနု ပညာ” အစီအစဉ်တွင် ဂီတပညာ အကြောင်း မိတ်ဆက်ခြင်း၊ ဆန်းနွေဦး မဟာဂီတတေးသီချင်း ကို စောင်း၊ ပတ္တလား၊ တယော၊ ကီးဘုတ်၊ ဒိုးအုပ်စုံ၊ အဆိုတို့ ဖြင့်သရုပ်ဖော်ခြင်း၊ ဂီတသင်္ကေတ လက်တွေ့စုပေါင်းရွတ်ဆိုခြင်းကို အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ နှင့် စုပေါင်းရွတ်ဆိုခြင်းများကို သင်ကြားပေးခြင်း၊ သဘင်အက နှင့် အကဗေဒအကြောင်းကို မိတ်ဆက်ခြင်း၊ မြင်း၊ မျောက်၊ ဘီလူး၊ ဇော်ရုပ်သေးအကတို့ကို လက်တွေ့သရုပ်ပြ၍ ကျောင်းသား ကျောင်းသူများ ပါဝင်ဆောင်ရွက် စေခြင်း၊ ဂီတဌာနနှင့် တွဲဖက်၍ ဆန်းနွေဦး နန်းတွင်းယိမ်းအက ဖြင့်တင်ဆက်ခြင်း၊ အခြေခံ ပုံရေးဆွဲနည်း၊ အရောင်သီအိုရီနှင့် ကာတွန်းအလွယ် ရေးဆွဲနည်း များကို သင်ကြားပေးသွားမည် ဖြစ်သည်။
အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန် ရှိသူများ လိုက်ပါလျက် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ အနုပညာ အထက်တန်းကျောင်း(မန္တလေး)သို့ သွားရောက်ကာ ပန်တျာဌာန ၏ သင်ကြားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည် များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ် နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နဝကမ္မငွေကျပ် သိန်း ၃၀ ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီး၏ ကျန်းမာရေး နှင့် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီး ထံမှ အနုမောဒနာတရားများ နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ ကြောင်း သိရသည်။
သတင်းစဉ်