မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသရေးဆိုင်ရာကိစ္စရပ်များတွင်အသုံးပြုရန် အလှူငွေများလှူဒါန်း

 

မန္တလေး ဩဂုတ် ၅


မန္တလေးတိုင်းဒေသကြီး   အစိုးရအဖွဲ့သို့    အလှူရှင် များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊  ထိန်းချုပ် ရေးလုပ်ငန်းများတွင်    အသုံးပြုရန်အတွက်   အလှူ ငွေများပေးအပ်ပွဲ     အခမ်းအနားကို   ယနေ့မွန်းလွဲ ၁နာရီက    မန္တလေးမြို့တော်     စည်ပင်သာယာရေး ကော်မတီရုံးရှိ     မြို့တော်ခန်းမ၌  ပြုလုပ်သည်။
လှူဒါန်းပွဲတွင်  မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၊   တိုင်းဒေသကြီး  Coronavirus Disease   2019  (Covid-19)     ထိန်းချုပ်ရေးနှင့် အရေးပေါ်  တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ကိုက အမှာစကားပြောကြားသည်။

 


ယင်းနောက်    မန္တလေးအခြေစိုက်    တရုတ် ကောင်စစ်ဝန်ရုံးက  ငွေကျပ်သိန်း ၁၀၀၀၊  မြန်မာ မြို့ပြနှင့်   အခြေခံအဆောက်အအုံများ      ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ   အသင်း (MDA)က    ငွေကျပ်သိန်း ၁၀၀၀၊  ဦးအောင်ကျော်ဝင်း  (ငြိမ်းချမ်းကောင်းကင် ကုမ္ပဏီ)က     ငွေကျပ်သိန်း ၅၀၀၊  ဦးအေးကို(Axion ကုမ္ပဏီ)က ငွေကျပ်သိန်း ၂၀၀၊  ဦးခင်မောင်အေး (ဝိန့်စိန်ရွှေဆိုင်) မိသားစုက  ငွေကျပ်သိန်း ၁၀၀နှင့် တန်ဖိုးငွေကျပ်သိန်း ၉၀ရှိ (၃၅)လီတာဆံ့  အောက်ဆီ ဂျင်အိုး   အလုံး  ၅၀၊ ဦးတင်မိုး + ဒေါ်မြနှင်းဝေ (ရွှေပြည့်လျှံနှင့် စူပါစိမ်းကျောက်မျက်ကုမ္ပဏီ)က ငွေကျပ်သိန်း ၁၀၀၊  ဦးထွန်းထွန်းစိုး   (ရတနာမိုး ကုမ္ပဏီ) မိသားစုက ငွေကျပ်သိန်း ၁၀၀၊ ဦးဝင်းစိန်+ ဒေါ်သန်းသန်းဝင်း  (ရွှေရောင်းဝယ်ရေး)  မိသားစုက  ငွေကျပ်သိန်း  ၁၀၀တို့ကို   ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ         တိုင်းဦးစီးဗိုလ်မှူးချုပ် သူရိန်ထွန်း၊        လုံခြုံရေးနှင့်       နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး   ကျော်ကျော်မင်းနှင့်    စည်ပင်သာယာ ရေးဝန်ကြီး၊        မန္တလေးမြို့တော်ဝန်      ဦးကျော်ဆန်း တို့က  လက်ခံရယူ၍     ဂုဏ်ပြုမှတ်တမ်းလွှာများ   ပြန်လည်ပေးအပ်ခဲ့သည်။
ယနေ့လှူဒါန်းငွေ    စုစုပေါင်းမှာ  ငွေကျပ်သိန်း ၃၁၀၀   ဖြစ်ပြီး   ယနေ့အထိလှူဒါန်းငွေ   စုစုပေါင်း ငွေကျပ်သိန်း ၈၃၆၀  ဖြစ်ကြောင်းနှင့်  လှူဒါန်းငွေ များကို     အောက်ဆီဂျင်စက်ရုံများ      တိုးချဲ့ တည်ဆောက်ခြင်း၊     အောက်ဆီဂျင်အရည်များ ဝယ်ယူခြင်း၊ စေတနာ့ဝန်ထမ်းများအတွက်  ကိုဗစ် ကာကွယ်  ကုသရေး   အထောက်အကူပြုပစ္စည်းများ   စက်သုံးဆီများ    ဝယ်ယူခြင်း၊   Stay  at Home ဆောင်ရွက်စဉ် အဝင်/အထွက် ဂိတ်အသီးသီးတို့တွင်    တာဝန်ထမ်းဆောင်နေကြသော ပူးပေါင်းအဖွဲ့များကို အုပ်ချုပ်မှုကိစ္စများ  ထောက်ပံ့ခြင်းတို့တွင်   သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရသည်။        

 

သတင်းစဉ်