
မန္တလေး ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အလှူရှင် များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် (စတုတ္ထအကြိမ်မြောက်) အလှူငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေး
မြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ မြို့တော် ခန်းမ၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးမောင်ကိုက အမှာစကားပြောကြား သည်။
လှူဒါန်း
ယင်းနောက် အလှူငွေများကိုလှူဒါန်းရာ သီရိသုဓမ္မသိင်္ဂီ ဒေါ်သင်းသင်းနှင့်သားများက (အောင်
မြင်သူကုမ္ပဏီများအုပ်စု)က ငွေကျပ်သိန်း ၁၀၀၀၊ Wilmar International Ltd (Singapore)က ငွေကျပ် သိန်း ၁၂၅၀ တန်ဖိုးရှိ လီတာ ၄၀ အောက်ဆီဂျင်အိုး ၇၀၀နှင့် Flow Meter ၂၀၀၊ ဦးရဲရင့်အောင်( Myanmar Secure Group Co.,Ltd)က ငွေကျပ် သိန်း ၅၀၀၊ ဦးကိန်း+ဒေါ်လီရင် (မောင်ကိန်းရွှေဆိုင်)က ငွေကျပ် သိန်း ၁၀၀၊ Oriental Highway Co.,Ltd က ငွေကျပ် သိန်း ၅၀၀၊ ဦးသန်းထွန်းအောင် (ရွှေကုန် သည်)က ငွေကျပ် သိန်း ၁၀၀၊ သော်တာဝင်း
လမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၅၀၀၊ ကိုသက်ဝေ၊ မကြည်မေ မိသားစုက ငွေကျပ် သိန်း ၁၀၀၊ မြန်မာနိုင်ငံသကြားနှင့် ခြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းက ငွေကျပ် သိန်း ၁၀၀၊ သန္တိသစ္စာလမ်းဆောက်လုပ်ရေး ကုမ္ပဏီက ငွေကျပ် သိန်း ၁၀၀၊ ဆုထူးပန်လမ်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၁၀၀၊ တောင်ပေါ် ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၅၀၊ ထွန်းညိုလူ လမ်းဆောက်လုပ် ရေးကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၃၀၊ Gulf Power လမ်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ငွေကျပ် ၁၀ သိန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် လုပ်ငန်းဆောင်ရွက် နေသောကုမ္ပဏီများက စုပေါင်းလှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀၊ ကျေးလက်လမ်းဦးစီးဌာနနှင့် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများက စုပေါင်း လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက် နေသော ကုမ္ပဏီများက စုပေါင်းလှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀၊ တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများက စုပေါင်းလှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများက စုပေါင်းလှူဒါန်းသည့် ငွေကျပ် သိန်း ၅၀၊ မြတ်နိုးသူ လမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၅၀၊ ယုဇနကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၅၀ တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တက်ရောက်လာသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်