မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇွန်   ၈


သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးလှမိုးသည်  ယနေ့နံနက် ပိုင်းက မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ     ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 


ကြည့်ရှုစစ်ဆေး


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ      ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သာစည်မြို့နယ်  ကြက်မောက်ကျေးရွာတွင် ၂၀၂၁-၂၀၂၂    ဘဏ္ဍာနှစ်     ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း    စီမံကိန်း ထောက်ပံ့   ရန်ပုံငွေ၊  ကျေးရွာပြည်သူထည့်ဝင်ငွေ စုစုပေါင်း ငွေကျပ် ၁၃၅ ဒသမ ၇ သိန်း အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော လူဦးရေ ၁၄၆၂ ဦး အကျိုးပြုမည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများပေါင်းစပ်ကာ စံပြကျေးရွာများ ဖြစ်ပေါ် လာစေရေး  ကျေးရွာ၏   အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊      စီးပွားရေးလိုအပ်ချက်များ တတ်နိုင်သမျှ    ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း ရှင်းလင်းပြောကြားသည်။ 

 


ဖြည့်ဆည်းဆောင်ရွက်ပေး


ဆက်လက်၍  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သာစည် မြို့နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုကို လည်းကောင်း၊   ကျေးရွာသူ   ကျေးရွာသားများက ကျေးရွာတွင်ဆောင်ရွက်လိုသည့်  လုပ်ငန်းများကို လည်းကောင်း တင်ပြဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက  လိုအပ်သည်များ  ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် မြင်းကန်ကျေးရွာအုပ်စု ဆည်ကုန်း ကျေးရွာတွင် မြစိမ်းရောင်ကော်မတီဝင်များ၊ ကျေးရွာ နေပြည်သူများနှင့်  တွေ့ဆုံရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   မြို့နယ်ဦးစီးမှူး က   မိတ္ထီလာမြို့နယ်အတွင်း     ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဆည် ကုန်းကျေးရွာ    မြစိမ်းရောင်ကျေးရွာ     ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ        ဦးဌေးမောင်က ဆည်ကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့်  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ   ယခုအခါ ငွေကျပ်သိန်း ၆၃၀ ကျော်ဖြင့်  စီမံကိန်း လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းအတိုးရငွေအနေဖြင့်  ငွေကျပ်သိန်း ၃၃၀ ကျော်ရရှိပြီဖြစ်ကြောင်း၊ ကျေးရွာရှိ အသင်းသားများမှ စီမံကိန်းချေးငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ ကို အောင်မြင်စွာ  ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျေးရွာမှ  ဆောင်ရွက်လိုသည့်   အချက်များကို ရှင်းလင်းတင်ပြကြသည်။    ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက အခုလို စီမံကိန်း လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျက် ရှိသည့် ကျေးရွာသူ ကျေးရွာသားများအား ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ဆက်လက်ပြီး စီမံကိန်းလုပ်ငန်း များ     ပိုမိုအောင်မြင်စေရေး    ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                      

သတင်းစဉ်