မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးဝါးနှင့် ဆေးပစ္စည်း သိုလှောင်သည့်နေရာများကို ကွင်းဆင်းစစ်ဆေး

နေပြည်တော်   ဩဂုတ်   ၁၅


မန္တလေးတိုင်းဒေသကြီး    ဆေးဝါးနှင့်ဆေးပစ္စည်းများ    ဈေးကွက်  စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် မန္တလေး မြို့ပေါ်ရှိ  ဆေးဝါးနှင့် ဆေးပစ္စည်းများ သိုလှောင်ထားသည့် နေရာများ သို့ မြေပြင်ကွင်းဆင်း စစ်ဆေးလျက်ရှိသည်။

 


ထိုသို့စစ်ဆေးရာတွင် ဆေးသိုလှောင်ရုံများအတွင်း ဆေးဝါးများ   စနစ်တကျထားရှိမှု၊     နေ့စဉ်ဆေးဝါးရောက်ရှိဖြန့်ဖြူး    လက်ကျန် စာရင်းများနှင့်  ‌မြေပြင်လက်ကျန်မှန်ကန်မှု    ရှိ/မရှိ    တိုက်ဆိုင် စစ်ဆေးကြည့်ရှုခြင်း၊   မြေပြင်အခြေအနေတွင် ဆေးဝါးများ    ပြတ်လပ်မှု ရှိ/မရှိနှင့်   ဆေးဝါးနှင့်   ဆေးပစ္စည်းများ တင်သွင်းရာနှင့် ဖြန့်ဖြူးရောင်းချ ရာတွင် အခက်အခဲမရှိစေရေး ညှိနှိုင်းဆောင်ရွက် ပေးခြင်း၊ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများကိုဈေးကွက် အတွင်း ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်   ရည်ရွယ်ချက်နှင့်     သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊  အတုအပနှင့်   အရည် အသွေးနိမ့်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိကို  ဩဂုတ် ၁၄ ရက်နှင့် ယနေ့တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။    

 


မန္တလေးတိုင်းဒေသကြီး ဆေးဝါးနှင့် ဆေးပစ္စည်း များ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေး အဖွဲ့ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားနေသည့်ကာလတွင်     ဈေးကွက်အတွင်း ကူးစက်ရောဂါ    ကာကွယ်၊   ကုသရေး၊   ဆေးဝါး၊ ဆေးပစ္စည်းများနှင့်  အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊     သတ်မှတ်အရည်အသွေး နှင့် ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊     အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊    မန္တလေးမြို့တော်    စည်ပင် သာယာရေးကော်မတီ၊   တိုင်းဒေသကြီး    စည်ပင် သာယာရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းတို့ဖြင့် ဖွဲ့စည်းထား ကြောင်း သိရသည်။

 


ထို့အပြင် မန္တလေးတိုင်းဒေသကြီး ခရိုင်/မြို့နယ် အားလုံးတွင်လည်း   ခရိုင်/မြို့နယ်အဆင့်အဖွဲ့များ လည်း     ဖွဲ့စည်းထားရှိပြီး     နေ့စဉ်ဆေးဆိုင်များ ဖွင့်လှစ်မှု    ရှိ/မရှိ၊    ဆေးဝါးဈေးနှုန်းအခြေအနေ၊ စည်းကမ်းစနစ်တကျ ရောင်းချမှု ရှိ/မရှိ တို့ကို ခရိုင်/မြို့နယ်အလိုက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။               

သတင်းစဉ်