မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စက်သုံးဆီလုပ်ငန်းများဆောင်ရွက်နေသော လုပ်ငန်းရှင်များတွေ့ဆုံ


 

 

မန္တလေး  မတ်  ၂၉
မန္တလေးတိုင်းဒေသကြီး      အမရပူရမြို့နယ်   အိုးတုတ္တန်းနှင့်      ရွှေကြက်ယက်ဆိပ်ကမ်းတွင်  စက်သုံးဆီလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိသော  လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊  ရေနံထွက်ပစ္စည်း   ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  စက်သုံးဆီ လုပ်ငန်းရှင်များ  တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင်   တိုင်းဒေသကြီးဝန်ကြီးချုပ်က  တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြို့တော်အင်္ဂါရပ် နှင့်အညီ မန္တလေးမြို့ ဆိပ်ကမ်းသန့်ရှင်းသာယာလှပ ရေး၊ ခရီးသွားရေယာဉ်လိုင်းများနှင့် ကုန်တင်ကုန်ချ ရေယာဉ်များ  စနစ်တကျ ဆိုက်ကပ်ဝင်ထွက်သွား လာနိုင်ရန်  စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မီးဘေး အန္တရာယ်ကင်းရှင်းစေရေး၊   စက်သုံးဆီတင်ချမှု စနစ်တကျရှိရေးအတွက် သတ်မှတ်နေရာများတွင် ဆီကန်များတည်ဆောက်၍  သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသ ကြီးအစိုးရအနေဖြင့်  လုပ်ငန်းရှင်များ၏ အခက် အခဲကို ဥပဒေနှင့်အညီ မှန်ကန်သည့်နည်းလမ်းများ အတိုင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်      တိုင်းဒေသကြီးသယံဇာတ ရေးရာဝန်ကြီး  ဦးမျိုးအောင်က အမရပူရမြို့နယ် အိုးတုတ္တန်းတွင်     စက်သုံးဆီသိုလှောင်ကန်များ ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ ရေနံထွက် ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယစစ် ဆေးရေး အရာရှိချုပ်(အထက်မြန်မာပြည်) ဦးလရော် နှင့်   မြန်မာနိုင်ငံ   ရေနံအသင်း(MESDP) ဥက္ကဋ္ဌ  ဒေါက်တာ ဝင်းမြင့်တို့က   စက်သုံးဆီ ကုန်တင်ကုန်ချ ဆောင်ရွက်နေမှုနှင့် သိုလှောင်ကန်များနှင့်ပတ်သက်၍ လည်းကောင်း၊  လုပ်ငန်းရှင်များ၊ ကုမ္ပဏီများက စက်သုံးဆီလုပ်ငန်းဆောင်ရွက်နေမှုနှင့် အခက်အခဲ များကိုလည်းကောင်း       ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က     လိုအပ်သည်များ  ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း     သတင်းရရှိ သည်။ 
သတင်းစဉ်