
မန္တလေး ဧပြီ ၉
မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာ ဝင်များ၏ ဗလီဝတ်ကျောင်းတော် များတွင် အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာအရ မတ် ၁၁ ရက်မှစ၍ အစ္စလာမ်ဘာသာ ဝင်များ ဥပုသ်ဆောက်တည်လျက် ရှိရာ ဥပုသ်ဖြေသည့် အစ္စလာမ် ဘာသာဝင် ဥပုသ်သည်များ အတွက် အာဟာရဖြည့်စွက်စာများ နှစ်စဉ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဥပုသ်ဖြေသည့် အစ္စလာမ်ဘာသာဝင် ဥပုသ်သည် များကို အာဟာရဖြည့်စွက်စာ များ လှူဒါန်းခြင်းအတွက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူ များ၊ တိုင်းဒေသကြီး ဝန်ကြီးများ သည် ချမ်းအေးသာစံမြို့နယ် ၂၇လမ်း၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ ဂျွန်းဗလီသို့ ယမန်နေ့က သွားရောက်၍ လှူဒါန်းကြရာ ဥပုသ်ဖြေသည့် အစ္စလာမ်ဘာသာဝင် ဥပုသ်သည် များကို တစ်ဦးချင်း အာဟာရ ဖြည့်စွက်စာများ လှူဒါန်းပေး ဝေကြသည်။
အဆိုပါ ဂျွန်းဗလီ၌ မတ် ၁၁ ရက်မှ ဧပြီ ၁၀ရက်အထိ ဥပုသ် တစ်လ ဆောက်တည်လျက်ရှိကြ ပြီး ဥပုသ်ဖြေသည့် အစ္စလာမ် ဘာသာဝင် ဥပုသ်သည်များ အတွက် နှစ်စဉ်အာဟာရ ဖြည့်စွက်စာများ လှူဒါန်းဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်