မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို တိုင်းဒေသကြီးအတွင်း သားငါးဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက် သရက်ကုန်းငါးလုပ်ငန်းစခန်းတွင် ငါးမွေးမြူရေးနှင့် သားဖောက်လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

မန္တလေး  ဩဂုတ်  ၅


မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်    ဦးမောင်ကို၊   အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်       တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်  တာဝန်ရှိသူ များသည် တိုင်းဒေသကြီးအတွင်း   သားငါးဖွံ့ဖြိုးရေး      ဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက်   ဆောင် ရွက်နေသည့်   အောင်မြေသာစံ မြို့နယ်ရှိ သရက်ကုန်းငါးလုပ်ငန်း စခန်းသို့     ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု   စစ်ဆေးခဲ့ သည်။

 


တိုင်းဒေသကြီး  ဝန်ကြီးချုပ် နှင့်   တိုင်းမှူးတို့သည်   မျိုးငါး မွေးမြူထားရှိမှု၊       ရေချိုငါး မွေးမြူရေး     သုတေသနနှင့် တိုးချဲ့ပညာပေးရေး   ဗဟိုဌာန၏  သုတေသန  ဆောင် ရွက်နေမှုများ၊   Biofloc    စနစ်    နည်းပညာ သုတေသနလုပ်ငန်း၊    သက်ရှိ အစာမွေးမြူခြင်း    စသည့် သုတေသန        လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ငါးသားပေါက် များကို    ပုဂ္ဂလိကသို့   ဈေးနှုန်း ချိုသာစွာဖြင့်   လိုအပ်ချက်နှင့် အညီ         ရောင်းချဖြန့်ဖြူးနိုင် ရေး၊    သတ်မှတ်ချက်နှင့်အညီ     ငါးမျိုးစိတ်များ  ထည့်နိုင်အောင် ဆောင်ရွက်ရေး     မှာကြားခဲ့ သည်။

 


မန္တလေးတိုင်းဒေသကြီးတွင် ငါးလုပ်ငန်းစခန်း    လေးခုရှိပြီး နှစ်စဉ်   သဘာဝရေပြင်များတွင် ငါးမျိုး     စိုက်ထည့်ပေးခြင်းနှင့် ငါးမွေးသူများ၏   ငါးသားပေါက် လိုအပ်ချက်များကို    ဖြည့်ဆည်း ဆောင်ရွက်    ပေးနေကြောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင်  ငါးသား ပေါက်စခန်း လေးခုမှ စုစုပေါင်း ငါးသားပေါက်အကောင် ရေ ၂၄၀ သိန်း    တိုးတက်ထုတ်လုပ်ရန် လျာထားပြီး  လက်ရှိတွင်  ၁၅၇ ဒသမ  ၃၀ သိန်းကို  မြစ်၊ ချောင်း၊ ဆည်တမံအတွင်း   ငါးမျိုးစိုက် ထည့်ပြီးဖြစ်ကြောင်း      သိရ သည်။
                   

 သတင်းစဉ်