မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို နန်းဦးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော် ကျောင်းဝင်းအတွင်း ရှေးဟောင်းသာသနိက သစ်သားဘုန်းတော်ကြီးကျောင်း ပြုပြင်မွမ်းမံပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

 

မန္တလေး  ဇန်နဝါရီ  ၁၆


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည်   ချမ်းအေးသာစံမြို့နယ်   နန်းဦးကျောင်းတိုက်သို့ ယနေ့မွန်းလွဲပိုင်းကရောက်ရှိပြီး   တိုက်အုပ်ဆရာတော်နှင့်   ဆရာတော်များအားဖူးမြော်ကာ   လှူဖွယ် ပစ္စည်းများ   ဆက်ကပ်လှူဒါန်း၍   ကျောင်းအတွင်း  နှစ်ပေါင်း  ၁၃ဝ  ကျော်ရှိ  ရတနာပုံခေတ်လက်ရာ ရှေးဟောင်းသာသနိက သစ်သားဘုန်းကြီးကျောင်းဆောင် ပြုပြင်မွမ်းမံပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေမှုကို တင်ပြ လျှောက်ထားပြီး   နန်းဦးကျောင်းတိုက်   ဒုတိယ တိုက်အုပ်ဆရာတော်ကြီးက သာသနာအဓွန့်ရှည် တည်တံ့နေရေးဆိုင်ရာ  ကိစ္စရပ်များကို  ပြန်လည် မိန့်ကြားသည်။ 

 


ပြန်လည်ပြုပြင်ဆောင်ရွက်


ထို့နောက်    တိုင်းဒေသကြီး   ဝန်ကြီးချုပ်က ဆရာတော်များအား သင်္ကန်း၊ ဝတ္ထုနှင့် လှူဖွယ်ပစ္စည်း များ    ဆက်ကပ်လှူဒါန်းပြီး   ကျောင်းဝင်းအတွင်း နှစ်ပေါင်း ၁၃၀ ကျော်ရှိ ရတနာပုံခေတ်လက်ကျန် သာသနိက       သစ်သားဘုန်းတော်ကြီးကျောင်း ဆောင်ကို     ကြည့်ရှုစစ်ဆေးကာ   ကျောင်းအား ရှေးမူမပျက်ပြင်ဆင်ရေး၊   ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး၊      မီးဘေးအန္တရာယ်      ကင်းရှင်းရေး နှင့်    လျှပ်စစ်မီးသွယ်တန်းမှုများအား   စနစ်တကျ    ပြန်လည်ပြုပြင်ဆောင်ရွက်ရန် မှာကြားသည်။


သတင်းစဉ်