မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ညောင်ဦးမြို့နယ်အတွင်း ပုဂံခေတ်ရေကန်များပြန်လည်ပြုပြင်မည့်အခြေအနေစစ်ဆေး

 

ညောင်ဦး   အောက်တိုဘာ   ၁၇


မန္တလေးတိုင်းဒေသကြီး          ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ    အောက်တိုဘာ ၁၇ ရက်က ညောင်ဦးမြို့နယ်အတွင်း ပုဂံခေတ် ရေကန်များ ပြန်လည်ပြုပြင်မည့် အခြေအနေ များ ကြည့်ရှုစစ်ဆေးသည်။ 


တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်ဦး မြို့နယ်အတွင်း  ပုဂံခေတ်မှ  ယခုအချိန်အထိ တည်ရှိနေပြီး    ကန်ကောသဖွယ်ဖြစ်နေကာ  မိုးရွာသွန်းချိန်   ရေထိန်းသိမ်းမှုနည်းပြီး    ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီး ရေလျှံ၊ ရေဝပ်ခြင်းများဖြစ်နေမှုကြောင့် ရေကန် များ ပြန်လည်တူးဖော်ပြီး ရေစီးလမ်းကြောင်း များ   ပြန်လည်ကောင်းမွန်စီးဆင်းစေရန်နှင့်   ရေကန်ရေရိုး၊ ရေကျော်များ ပြန်လည်ပြုပြင် မည့်  ကုန်းတန်းကြီးကျေးရွာအုပ်စု  သန့်စင် ကြယ်ကျေးရွာရှိ အလံပုဂံရေကန်၊ မင်းနန်းသူ ကျေးရွာအုပ်စု မင်းနန်သူကျေးရွာရှိ မရိုးကန်၊ ညောင်လက်ဖက်ကန်တို့ကို      ရေဝင်ရောက် ဧရိယာ၊ ရေကန်များမှ အကျိုးပြုကျေးရွာနှင့် ရေဝင်ရောက်မှုလမ်း၊ ရေပိုထွက်ရေလမ်းကြောင်း တို့ကို ကြည့်ရှုစစ်ဆေးသည်။ 


ဆက်လက်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ   အာနန္ဒာဘုရားကြီးနှင့်   ရွှေစည်းခုံ ဘုရားကြီးသို့  ရောက်ရှိဖူးမြော်ကာ  အာနန္ဒာ ဘုရားကြီး တောင်ဘက်မုခ်နှင့် မြောက်ဘက် မုခ်တို့ကို ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အာနန္ဒာဘုရားကြီးနှင့် ရွှေစည်းခုံ ဘုရားကြီး နဝကမ္မအတွက် အလှူငွေ လှူဒါန်း ရာ ဂေါပကအဖွဲ့က လက်ခံရယူသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် သည် နံနက် ၉ နာရီခွဲတွင် ပုဂံမြို့ဟောင်းရှိ ရှေးဟောင်းသုတေသနပြတိုက် (ပုဂံ) အစည်း အဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊   ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးကော်မတီဝင်များ၊     ဟိုတယ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး တက်ရောက်ကြ သူများ၏  တင်ပြချက်များအပေါ် သက်ဆိုင်ရာ  ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

             
ဒီပါလင်း