မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများအား အများပြည်သူစိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများ လိုက်လံကြည့်ရှု

 

မန္တလေး  ဩဂုတ်   ၁၈


မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ မန္တလေးမြို့ပေါ် တန်ခိုးကြီးဘုရားများတွင်    ဘုရားဖူးပြည်သူများ  စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရေးအတွက် ဆောင်ရွက် နေမှုများအား   ကြည့်ရှုရန်  ချမ်းမြ သာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ ယနေ့ နံနက် ၆ နာရီခွဲက  ရောက်ရှိရာ ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ   ဦးစိုးလင်း နှင့်အဖွဲ့ဝင်များက  ကြိုဆို ကြသည်။


၎င်းနောက်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မဟာမုနိရုပ်ရှင်တော်မြတ်အား ပန်း၊       ဆီမီး၊  ရေချမ်း၊   ရွှေသင်္ကန်းများ   ကပ်လှူပူဇော် ၍(ယာပုံ)     ဘုရားကြီးရှိ    မိုးကောင်းဓမ္မာရုံတွင်   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု     ဒေါက်တာ  ဘဒ္ဒန္တ  ကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများနှင့်  မဟာမုနိဩဝါဒါ စရိယ   ဆရာတော်ကြီးများအား   ဖူးမြော်ကာ  မန္တလေးတိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်  ထိန်းချုပ်ရေးလုပ်ငန်းများနှင့်         ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ ကူးစက်ရောဂါကျဆင်းလာမှု အခြေအနေများ၊ အောက်ဆီဂျင် လုံလောက်စွာရ ရှိရေးအတွက် စက်ရုံများတည်ဆောက်နေမှုအခြေ အနေများ၊    မန္တလေးခရိုင်ရှိ ကျောင်းတိုက်များမှ သံဃာတော်များ၊  ဆွမ်းကွမ်း အခက်အခဲမရှိစေရေး အတွက် ဆောင်ရွက်ပေးနေမှုများအား လျှောက်ထား ကာ    ဆရာတော်ကြီးများထံမှ   ဩဝါဒခံယူပြီး    တိုင်းဒေသကြီးဝန်းကြီးချုပ်က မိသားစုအလှူအဖြစ်     ဆရာတော်ကြီးများအား နဝကမ္မ ဝတ္ထု ငွေကျပ်  ၁၅ သိန်းနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းသည်။


ယင်းနောက် အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်ဆုတောင်းပြည့်မြတ်စွာဘုရားသို့ ရောက်ရှိ ပြီး စက်လှေကားအမြန်ပြီးစီးရေး၊ ဘုရားဖူးများအား ကိုဗစ်စည်းကမ်းနှင့်အညီ ဘုရားဖူးမြော်ခွင့်ပြုရေး၊ ဘုရားဖူးများ စိတ်ချမ်းသာစွာ ဘုရားဖူးနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဘုရားပရိဝုဏ် အား အမြင်တင့်တယ်အောင်ဆောင်ရွက်ရေး၊ သစ်ပင် များစိုက်ပျိုးရေးတို့ကို မှာကြားပြီး  မိသားစုအလှူ အဖြစ် အလှူငွေကျပ်  ငါးသိန်း လှူဒါန်းခဲ့သည်။


ဆက်လက်၍           ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရန်နှိမ်    အောင်တော်မူမြတ်စွာဘုရား အား ဖူးမြော်၍  ပန်း၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်ပူဇော်ကာ  မူလဗိမာန်တော်သို့ ပြန်လည် ပင့်ဆောင်နိုင်ရေး      ပလ္လင်တော်ပြန်လည်မွမ်းမံ ဆောင်ရွက်နေမှုကို  ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး      မိသားစုအလှူအဖြစ် အလှူငွေကျပ် ငါးသိန်း  လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။                        

                 
သတင်းစဉ်