မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦ ဖွင့်ပွဲပြုလုပ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နိုင်ငံတော်အနေဖြင့် အဆောက်အဦသစ်များကို တည်ဆောက်ပေးရသည့် ရည်ရွယ်ချက်သည် မြန်မာနိုင်ငံတွင် မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများဆောင်ရွက်ရာ၌ ဂုဏ်သိက္ခာရှိစွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန်ဖြစ်

 

နေပြည်တော်   ဇန်နဝါရီ   ၂၂


မန္တလေးတိုင်းဒေသကြီး  ဥပဒေချုပ်ရုံးနှင့်  တရားလွှတ်တော်အဆောက်အဦဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါရုံးနေရာများ၌  သီးခြားစီ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။  

 


အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်    ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ်   ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်   ဒေါက်တာ သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမင်းသိန်းဇံ၊ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်  ကိုကိုဦး၊  မန္တလေး မြို့တော် ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ    တက်ရောက်ကြ သည်။ 

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်      အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး      ဥပဒေချုပ်ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ရောက်ရှိကြပြီး ဥပဒေရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ် ဒေါက်တာ သီတာဦး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊   တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်  တိုင်း ဒေသကြီးဥပဒေချုပ်  ဦးမြင့်အောင်တို့က  အခမ်း အနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်က   မန္တလေးတိုင်း ဒေသကြီး ဥပဒေချုပ်ရုံး ဆိုင်းဘုတ်အား စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင်များ သည်    စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး မန္တလေးတိုင်းဒေသကြီး    ဥပဒေချုပ်ရုံး   ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များဖြင့်  ပက်ဖျန်း ပေးကြသည်။ 

 


ရင်းရင်းနှီးနှီး နှုတ်ဆက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအဆောက်အဦ အတွင်း လှည့်လည်ကြည့်ရှုကြပြီး  တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ   ဝန်ထမ်းများအား    ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


ဆက်လက်ပြီး             နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အဦသစ်ဖွင့်လှစ်ခြင်း    အခမ်းအနားသို့ ရောက်ရှိကြပြီး       ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊    ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် ဒေါ်ခင်သင်းဝေတို့က အခမ်းအနားကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ကြသည်။

 


 စက်ခလုတ်နှိပ်ဖွင့်လှစ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသ ကြီး တရားလွှတ်တော်ဆိုင်းဘုတ်အား  စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး မန္တလေးတိုင်းဒေသကြီး   တရားလွှတ်တော် ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးကြသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင်များ သည် မန္တလေးတိုင်းဒေသကြီး      တရားလွှတ်တော် အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုကြသည်။ 

 


ယင်းနောက် တိုင်းဒေသကြီး    တရားလွှတ်တော် အစည်းအဝေးခန်းမအတွင်း၌ အခမ်းအနား ဒုတိယ ပိုင်းအစီအစဉ်ကို  ဆက်လက်ပြုလုပ်ရာ     ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက တိုင်းဒေသကြီး    တရားလွှတ်တော်ရုံး အဆောက်အဦသစ်နှင့် ပတ်သက်သည့်   အချက် အလက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦ သစ် ဆောက်လုပ်ခဲ့ရခြင်းနှင့်ပတ်သက်သည့် Video Clip ကို ပြသသည်။ ယင်းနောက် အဆောက်အဦနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံသို့ လွှဲပြောင်း ပေးအပ်သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ ပြည်ထောင်စု တရားသူကြီးချုပ်က မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော် အဆောက်အဦသစ် ဖွင့်လှစ်ခြင်းအထိမ်း အမှတ် အဆောက်အဦပုံစံငယ်   ငွေပန်းချီကားကို ပေးအပ်သည်။ 

 


ယင်းနောက်          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က မန္တလေး တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော် အဆောက်အဦသစ်ဖွင့်လှစ်ခြင်းနှင့်    ပတ်သက်၍ ပြောကြားရာတွင်            နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ လွှဲပြောင်းရယူ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ်တို့ကို ချမှတ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊  ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးတို့ကို ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ခေတ်ကာလနှင့်လျော်ညီစေရန်  အချို့သောဥပဒေ များ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်း များ ပြုလုပ်ပေးလျက်ရှိကြောင်း။

 


တရားစီရင်ရေး၊    ဥပဒေအကြံပြုရေးတို့နှင့် ပတ်သက်ပြီး မှုခင်းကိစ္စများကို ဆောင်ရွက်ရာတွင် လည်း မှန်ကန်မြန်ဆန်မှုရှိစေရန်နှင့် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရန်အတွက်        တရားလွှတ်တော် အဆောက်အဦများနှင့် ဥပဒေရုံးသစ်များကို ရန်ပုံငွေ များ နှစ်အလိုက်လျာထားပြီး    လိုအပ်သည့်နေရာ များတွင် တည်ဆောက်ပေးလျက်ရှိကြောင်း၊  ခွင့်ပြု ရန်ပုံငွေဖြင့် အဆင့်မီစွာ  တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်ပြီး တရားစီရင်ရေးနှင့် ဥပဒေရေးရာကဏ္ဍအတွက် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုများပင်ဖြစ်ကြောင်း။

 


မြန်မာနိုင်ငံ၏တရားစီရင်ရေးစနစ်သည် အင်္ဂလိပ် ရိုးရာဥပဒေစနစ်  (Common  Law System) ကို အခြေခံထားသည့်စနစ်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အရ  တရားစီရင်ရေးအာဏာ သည် နိုင်ငံတော်၏အာဏာသုံးရပ်ထဲမှ တစ်ရပ်ပင် ဖြစ်ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လက်အောက် တွင် တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  တရားရုံး များ၊ မြို့နယ်တရားရုံးများကို    အသီးသီးဖွဲ့စည်း ထားရှိကြောင်း။

 


ဥပဒေရေးရာဝန်ကြီးဌာနသည်   ပြည်ထောင်စု အစိုးရအတွက် အဓိကကျသည့်  အခန်းကဏ္ဍတွင် ရှိနေပြီး ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်၏ အကြီးအကဲကို တာဝန်ခံရသကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များသည်လည်း ဝန်ကြီးချုပ်များ မှတစ်ဆင့် နိုင်ငံတော်၏အကြီးအကဲကို တာဝန်ခံရ သည်ပင်ဖြစ်ကြောင်း၊ အင်္ဂလိပ်တို့  မြန်မာနိုင်ငံကို ကိုလိုနီမပြုမီကာလတွင် မြန်မာ့လူ့အဖွဲ့အစည်းသည် မြန်မာ့ရိုးရာတရားစီရင်ရေးစနစ်ကို    အသုံးပြုပြီး တရားစီရင်ရေးကို ဆောင်ရွက်ခဲ့ကြကြောင်း၊    ရှေး မြန်မာ့တရားစီရင်ရေးသည်   ဓလေ့ထုံးတမ်းဥပဒေ အပေါ်တွင် အခြေခံသည့် တရားစီရင်ရေးဖြစ်ကြောင်း၊ မြန်မာဘုရင်များလက်ထက်တွင် တိုင်းပြည်အုပ်ချုပ် သူ ဘုရင်သည် နိုင်ငံ၏အမြင့်ဆုံး    တရားစီရင်ရေး အာဏာပိုင်ဖြစ်ကြောင်း၊ တရားစီရင်ရေးအာဏာများ သည် ဘုရင်မှတစ်ဆင့် မိဖုရားခေါင်ကြီး၊ အိမ်ရှေ့စံ၊ လွှတ်တော်မှ မင်းညီမင်းသားများ၊ လွှတ်တော်ဝန်ကြီး များ၊ ဘုရင်ကခန့်ထားသည့်    တရားသူကြီးများ၊ မြို့ဝန်၊ မြို့အုပ်၊ သူကြီး စသည်ဖြင့်   အဆင့်ဆင့် ဆင်းသက်သွားကြသည်ပင်ဖြစ်ကြောင်း၊     မြန်မာ ဘုရင် များခေတ်တွင် တရားစီရင်ရေး၌ကျင့်သုံးခဲ့သည့် ဥပဒေအရင်းအမြစ်များအနေဖြင့်    ရာဇသတ်များ၊ ဓမ္မသတ်များ၊ ဖြတ်ထုံးများပင်ဖြစ်ကြောင်း၊ ဗြိတိသျှ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို    ကျူးကျော်စစ် သုံးကြိမ်ပြုခဲ့ပြီး ကိုလိုနီပြုပြီးနောက်တွင် ၎င်းတို့၏ အင်္ဂလိပ်ရိုးရာ တရားစီရင်ရေးစနစ် (Common Law System)ကို မြန်မာ့တရားစီရင်ရေးစနစ်တွင်   အစား ထိုးခဲ့ခြင်းဖြစ်ကြောင်း။

 


တိုက်ရိုက်အကျိုးပြုနိုင်


တရားစီရင်ရေးသည် မှန်ကန်မြန်ဆန်ပြီး ဥပဒေ နှင့်အညီ   လွတ်လပ်စွာတရားစီရင်ရေးနှင့်  အဂတိ လိုက်စားမှု ကင်းရှင်းရေးသည်လည်း အဓိကအရေး ပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ တရားစီရင် ရာတွင် အမြန်ဆုံး  တရားစီရင်ရေးသည် အမှန်ဆုံး တရားစီရင်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်ကြောင်း၊  ထို့ကြောင့်လည်း    အမှုများကို မြန်မြန်နှင့်    မှန်မှန် ဆောင်ရွက်နိုင်ရေးအတွက် “တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာတရားစီရင်ရေး အထောက်အကူပြုအဖွဲ့” ဖွဲ့စည်းပေးပြီး အထောက်အကူပေး ဆောင်ရွက်စေ လျက်ရှိကြောင်း၊  ယင်းအဖွဲ့တွင်   ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန တို့မှ ပုဂ္ဂိုလ်များလည်း   ပါဝင်ဖွဲ့စည်းထားကြောင်း။

 


မျှမျှတတဆောင်ရွက်ရန်လို


အဆောက်အဦများ ဥပဓိရုပ်ကောင်းရန်လိုသကဲ့ သို့ တရားစီရင်ရေးနှင့် ဥပဒေရေးရာကဏ္ဍများတွင် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်ဖြင့်    မျှမျှတတ ဆောင်ရွက်ရန်လိုသည်ဟု   ပြောကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်    အဆောက်အဦသစ်များကို တည်ဆောက်ပေးရသည့် ရည်ရွယ်ချက်သည် မြန်မာ နိုင်ငံတွင် မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့်  ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများဆောင်ရွက် ရာ၌ ဂုဏ်သိက္ခာရှိစွာဖြင့် အောင်မြင်စွာဆောင်ရွက် နိုင်ရန်ဖြစ်ပြီး အရည်အချင်းပြည့်မီသည့် တရားရေး နှင့် ဥပဒေအရာရှိများကို ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက်လည်းဖြစ်ကြောင်း၊   ထို့ပြင်    တက္ကသိုလ် အသီးသီးမှ ဥပဒေဘွဲ့ရ၊ မဟာဥပဒေဘွဲ့ရ၊ ပါရဂူဘွဲ့ရ များကိုလည်း   လုပ်ငန်းခွင်လက်တွေ့လုပ်ငန်း   ပိုမို လေ့လာသင်ယူခွင့်         အခွင့်အလမ်းရရှိစေရေးနှင့် ဖြောင့်မတ်မှန်ကန်ပြီး ကျင့်ဝတ်သိက္ခာနှင့်  ပြည့်စုံ သည့် အထက်တန်းရှေ့နေများ၊     တရားလွှတ်တော် ရှေ့နေများ၊ ဥပဒေအကြံပေးများနှင့် ဥပဒေပညာရှင် များကို မွေးထုတ်နိုင်ပြီး မှန်ကန်သည့် တရားစီရင်ရေး စနစ်ဖြင့် အဂတိလိုက်စားမှုကင်းသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေး        မျှော်မှန်းဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း။

 


 ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်


နိုင်ငံသားအားလုံးလိုလားသည့်        စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး တရားမျှတသည့် ဒီမိုကရေစီ စနစ်ဖော်ဆောင်ရာတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်၊ ကာကွယ် ရန်၊ မြှင့်တင်ရန်နှင့် ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး၊   လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး   အခြေခံလူ့အခွင့်အရေးများ ရရှိခံစားနိုင်ရန်လည်းလိုကြောင်း၊ တရားစီရင်ရေး ကဏ္ဍတွင်လည်း မလိုအပ်ဘဲ   ကြန့်ကြာနေသည့် တရားမမှုများ၊ ရာဇဝတ်မှုများ၊ အယူခံမှု၊ ပြင်ဆင်မှု များကို အချိန်တိုတိုအတွင်း    မှန်ကန်မြန်ဆန်စွာ ပြီးမြောက်အောင်မြင်အောင်     ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊  မိမိတို့ပြည်သူများ၏ ဆန္ဒနှင့်အညီ      ပါတီစုံဒီမိုကရေစီကျင့်သုံးသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ခိုင်မာစွာဖြစ်ပေါ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းကြောင့် တရားရေး အရာရှိများနှင့် ဥပဒေအရာရှိများက မိမိတို့ သက်ဆိုင် ရာ နယ်ပယ်အသီးသီးမှ အားဖြည့်ဆောင်ရွက်ပေးနိုင် ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 


ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က မန္တလေးတိုင်းဒေသကြီး       တရားလွှတ်တော် အဆောက်အဦသစ်ကြီးကို တရားလွှတ်တော်အင်္ဂါရပ် နှင့်အညီ ခံ့ညားထည်ဝါစွာ   ဆောက်လုပ်ဖွင့်လှစ် နိုင်ခဲ့သဖြင့်   ကျေးဇူးတင်ရှိကြောင်းနှင့်   ရေရှည် တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာလှပရေး၊ လုံခြုံ ရေးတို့အတွက်  တာဝန်ရှိသူများက    ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြရန်   လိုအပ်သည့် အခြေအနေတို့ကို ပြောကြားသည်။

 


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊       နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

 


ကြည့်ရှုစစ်ဆေး


ဆက်လက်ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင် များလိုက်ပါ၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကျုံးမြို့ရိုးအနီး တည်ဆောက်လျက် ရှိသည့်  ရတနာပုံဥယျာဉ်တည်ဆောက်နေမှု  အခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာရှင်းလင်းဆောင်၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က ရတနာပုံဥယျာဉ် စီမံကိန်း       တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် အများပြည်သူများအပန်းဖြေ အနားယူနိုင်ရေး အပိုင်းလိုက် ဖွင့်လှစ်ဆောင်ရွက် သွားမည့်  အခြေအနေများကို   ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က အများပြည်သူများ စိတ်လက်ချမ်းမြေ့ စွာဖြင့် အနားယူနိုင်ရေးဆောင်ရွက်ရန်၊ အပန်းဖြေ နေရာနှင့် လျှောက်လမ်းများတည်ဆောက်ရာတွင် အပန်းဖြေအနားယူမှုများသာမက   လမ်းလျှောက် ခြင်းများကိုပါ  လွတ်လပ်စွာ  ဆောင်ရွက်နိုင်ရေး ထည့်သွင်းစဉ်းစားတည်ဆောက်သွားရန်၊ ရတနာပုံ ဥယျာဉ်စီမံကိန်းအား     တည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီ ဖြစ်စေရေးနှင့်    ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် ကိုပါ တွက်ချက်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ အား လမ်းညွှန်မှာကြားသည်။

 


လိုအပ်သည်များ ဖြည့်စွက်မှာကြား


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ရတနာပုံဥယျာဉ် တည်ဆောက်ပြီးစီးသည့် အခြေအနေများနှင့် ဆက်လက်တည်ဆောက်နေမှု တို့ကို  လှည့်လည်ကြည့်ရှုပြီး   တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ   ဖြည့်စွက် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 
 

သတင်းစဉ်