
မန္တလေး နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် (ပုဂံ ဌာနခွဲ)ရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ (၁/၂၀၂၂)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ နိုဝင်ဘာ ၂၄ ရက်က တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးနောက် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေး(၂/၂၀၂၀) ဆုံးဖြတ်ချက်များအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု နှင့် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသ ဆိုင်းဘုတ် Logo ဒီဇိုင်းများတင်ပြခြင်း၊ ရွှေစည်းခုံ ဘုရားအနီး ငါးမျက်နှာဘုရားအနီး ခေမင်္ဂဘုရားစု အရှေ့၊ သရပါဂိတ်ရှေ့၊ ဓမ္မရံကြီးဘုရားအနီး၊ မင်းနန်း သူရွာ၊ ဆုတောင်းပြည့်အုတ်ကျောင်းအနီးတို့တွင် စိုက်ထူရန်လျာထားမှု စသည့်ဆက်လက်ဆောင်ရွက် သွားမည့်အစီအစဉ်များနှင့် အမှာစာတင်သွင်းမည့် အချက်အလက်များကို တင်ပြဆွေးနွေးပြီးနောက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၏ တင်ပြချက်များနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၏ ဖြည့်စွက်ဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ် ဆောင်ရွက်ပေးပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် (ပုဂံဌာနခွဲ) မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယွန်းပညာကောလိပ်(ပုဂံ)တွင် ပြုလုပ် သည့် တက်မရေနံမြေနှင့် ငါ့ရှန်တောင်ရေနံမြေတို့မှ လုပ်ငန်းရှင်များ၊ ညောင်ဦးမြို့နယ်အတွင်း ဂေါပက အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသူများ၏ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲ များ၊ ဒေသအတွက် လိုအပ်ချက်များကို အကြံပြု တင်ပြဆွေးနွေးမှုများအပေါ် ညှိနှိုင်းဆောင်ရွက်ပေး ပြီး လူမှုရေးအသင်း ၁၃ ဖွဲ့အတွက် ချီးမြှင့် ငွေကျပ် ၃၉ သိန်းကို ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်ဦးမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ ဆေးရုံကြီးသို့ ညနေပိုင်းတွင် ရောက်ရှိရာ ဆေးရုံ အုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းက ဆေးရုံ အတွင်း ဆေးကုသဆောင်နှင့် ဆေးကုသဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက် ၍ ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်း ပြသပြီး ဆေးကုသမှုခံယူနေသည့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦအား တွေ့ဆုံအားပေးကာ ထောက်ပံ့ ငွေကျပ် ငါးသိန်း ပေးအပ်သည်။
ဆက်လက်၍ ဆေးရုံအစည်းအဝေးခန်းမတွင် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြု များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဆေးရုံအုပ်ကြီး၏ CT Scan တပ်ဆင်ပြီးစီးမှု၊ ဆေးရုံ အတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးနှင့် အခြား လိုအပ်ချက်များကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးပြီး ချီးမြှင့်ငွေကျပ် သိန်း ၂၀ ကို ပေးအပ်ကြောင်း သိရသည်။
သတင်းစဉ်