မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ်သိန်း ၂၅၃၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ဒသမ ၁၂ ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်   ဒီဇင်ဘာ    ၂၈
မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်၌    ငွေကျပ်သိန်း ၂၅၃၀   တန်ဖိုးရှိ   ဘိန်းဖြူ  ၁၀ ဒသမ   ၁၂ ကီလို    ဖမ်းဆီးရမိခဲ့ ကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 
မူးယစ်ဆေးဝါး      တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီ တွင်       မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်  သင်ပန်း ကုန်းရပ်ကွက်  ၅၄ လမ်း၊ ၁၂၄ x ၁၂၅    လမ်းကြားတွင်   CALDINA မော်တော်ယာဉ်ကို    သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် ဝင်းထက် ဦး(ခ)ပိုးချည်လုံးနှင့်   လတောင် နော်ဘောက်တို့ နှစ်ဦး သယ်ဆောင်  လာသည့်    ဒေသကာလတန်ဖိုး ငွေကျပ်သိန်း     ၂၅၃၀ တန်ဖိုးရှိ ဆပ်ပြာခွက် ၁၀၁၂ ခွက်ဖြင့်ထည့် လျက်   ဘိန်းဖြူ  ၁၀ ဒသမ ၁၂ ကီလိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများကို     ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသ  ကြီးသို့  သယ်ဆောင်ရောင်းဝယ် ခြင်းဖြစ်ကြောင်း     သိရှိရသဖြင့်  ၎င်းတို့အား   ဥပဒေအရအရေးယူ ထားရှိပြီး         ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေး        ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။   သတင်းစဉ်