မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များအား ဆန်၊ ဆီ၊ ပဲနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်

 

နေပြည်တော် စက်တင်ဘာ  ၂၃


မန္တလေးတိုင်းဒေသကြီး မန္တလေး ခရိုင်အတွင်းရှိ ဘာသာရေးအသင်း အဖွဲ့များအား ဆန်၊ ဆီ၊  ပဲနှင့် ကြက်သွန်နီများ ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်း တွင်   မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော် ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း    စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  ကိုကိုဦးနှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က   ထောက်ပံ့ပေးအပ်ရခြင်း နှင့်ပတ်သက်၍   ရှင်းလင်းပြော ကြားသည်။ ထို့နောက်  တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က မန္တလေးတိုင်းခရိုင်   အတွင်း ရှိ ဘာသာရေးအဖွဲ့ ၃၅ ဖွဲ့အတွက် ဆန် ၃၅၄ အိတ်၊ ဆီ ၇၀၇ ပိဿာ၊  ကုလားပဲ   ၇၀၇ ပိဿာနှင့်  ကြက်သွန်နီ   ၇၀၇ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ ဘာသာရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူ များက      လက်ခံရယူကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူး တင်စကား   ပြန်လည်ပြောကြား ခဲ့ကြောင်း    သတင်းရရှိသည်။                                                   
                         

သတင်းစဉ်