မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံ-နဘူးအိုင်လမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသည့်မော်တော်ယာဉ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓားပြတိုက်နေကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဩဂုတ်   ၂၉
မန္တလေးတိုင်းဒေသကြီး  မြင်းခြံ မြို့နယ် မြင်းခြံ - နဘူးအိုင်လမ်း ပိုင်းတွင် ဖြတ်သန်းသွားလာနေ သည့် မော်တော်ယာဉ်များအား ဩဂုတ် ၂၇ ရက်တွင် ဓားပြတိုက် လျက်ရှိပြီး ဓားပြတိုက်သူများမှာ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ပျူစောထီး များဖြစ်ကြောင်း    တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်း အမှားများ  မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း  တွေ့ရှိရ သည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ  အနေ ဖြင့် ယခုလို  ဥပဒေမဲ့လုပ်ရပ်မျိုး  လုပ်ဆောင်ခြင်း    မရှိကြောင်း၊ ယင်းကဲ့သို့   ဥပဒေမဲ့လုပ်ရပ်များ အား အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများက   လုပ်ဆောင် လေ့ရှိကြောင်း၊ ပြည်သူလူထုအား အမြဲတစေထိခိုက်အောင် ကြံစည် ဆောင်ရွက်    နေကြသူများသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏    လက်ဝေခံပြည်ဖျက် မီဒီယာများသာဖြစ်သည်ကိုလည်း အများပြည်သူများ အားလုံးအသိ ပင်ဖြစ်ကြောင်း ဒေသခံပြည်သူ တစ်ဦးထံမှ  သိရှိရသည်။   ယခု သတင်းသည်  PDF   အမည်ခံ အကြမ်းဖက်သမားများက ဒေသခံ တိုင်းရင်းသား   ပြည်သူများအား လက်နက်အားကိုးဖြင့် ဆက်ကြေး ကောက်ခံခြင်းများ   လုပ်ဆောင် လျက်ရှိပြီး    မပေးသူများအား  အဓမ္မဖမ်းဆီးနှိပ်စက် သတ်ဖြတ် လျက်ရှိသည်ကို    ဖုံးကွယ်ရန် အတွက်   တရားမဝင်ပြည်ဖျက် မီဒီယာများက    လုပ်ကြံဖန်တီး ဝါဒဖြန့်    ရေးသားခြင်းသာဖြစ် ကြောင်း သိရသည်။
သတင်းစဉ်