မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကုက္ကဲရဲစခန်းကို ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၂
မန္တလေးတိုင်းဒေသကြီး   မြင်းခြံမြို့နယ်   ကုက္ကဲ ရဲစခန်းကို  ဒီဇင်ဘာ  ၂၁  ရက်တွင်  အကြမ်းဖက် သောင်းကျန်းသူများက   ၄၀   မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ         ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲပြီး   ရဲတပ်ဖွဲ့ဝင်   ရှစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်   ပတ်သက်၍   မြင်းခြံ မြို့နယ်   ကုက္ကဲရဲစခန်းမှ  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  ဒီဇင်ဘာ ၂၁ ရက်တွင်  မည်သည့် ဗုံးကွဲမှုနှင့်  လက်နက်ကြီး  ဗုံးသီးများ  ကျရောက်ပေါက်ကွဲမှုမရှိခဲ့ကြောင်း၊ တပ်ဖွဲ့ဝင် များအနေဖြင့်   လုပ်ငန်းတာဝန်များကို   ပုံမှန် အတိုင်း   ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရ သည်။
တရားမဝင်   ပြည်ဖျက်မီဒီယာများသည် လူမှုကွန်ရက်  စာမျက်နှာများကို  အသုံးပြု၍  လုံခြုံရေးတပ်ဖွဲ့ဝင်များ          ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး အကြမ်းဖက်လုပ်ရပ်များ ကို အားပေးအားမြှောက် ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်