မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို တပ်မတော်နယ်လှည့် အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀


မန္တလေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့်  ပတ်ဝန်းကျင်  ကျေးရွာများမှ ဒေသခံပြည်သူ  စုစုပေါင်း  ၆၈၆  ဦးကို   ကျန်းမာ ရေး     စောင့်ရှောက်မှုလုပ်ငန်းများ      ဆောင်ရွက် ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၉၄ ဦး၊ ခွဲစိတ်ရောဂါ ၅၁ ဦး၊ ကလေးရောဂါ ၂၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၂ ဦး၊ အရိုးရောဂါ ၁၆၃ ဦး၊  နား၊  နှာခေါင်း၊  လည်ချောင်းရောဂါ ၃၀၊ မျက်စိရောဂါ  ၁၅၅  ဦးနှင့်   သွားရောဂါ  ၄၂  ဦး  တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ နှစ်ဦး၊ မျက်စိခွဲစိတ်လူနာ   ၁၀ ဦးတို့ကို   ရွေ့လျားခွဲစိတ် ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ 

 


ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၅ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ   ၃၂ ဦး၊  ဓာတ်ခွဲစမ်းသပ်လူနာ ၈၃   ဦးတို့ကို      ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့်     ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ     ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၃၅ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင် ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့ပြင် နယ်လှည့် အထူးဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုးရောဂါနှင့်    ဆီးချို၊    သွေးချိုရောဂါများ အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးကုသမှု ခံယူနေသည့်  ဒေသခံပြည်သူများ  စားသောက်ရေး အဆင်ပြေစေရန်အတွက်   တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံ တပ်မှ     တာဝန်ရှိသူများက   သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်