
နေပြည်တော် ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော် နယ်လှည့်အထူး ဆေးကုသရေး အဖွဲ့သည် ယနေ့တွင် မိတ္ထီလာမြို့ နယ် ရေဝေကျေးရွာရှိ အမှတ်(၇) အခြေခံပညာ အထက်တန်း ကျောင်း၌ အခြေပြု၍ အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ စုစုပေါင်း ၂၅၆ ဦးကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၅၀ ၊ ခွဲစိတ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၃၃ ဦး၊ သားဖွားမီးယပ်ရောဂါ ခုနစ်ဦး၊ အရိုးရောဂါ ၇၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၆ ဦး၊ မျက်စိရောဂါ ၄၃ ဦးနှင့် သွားရောဂါ လေးဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန် ရိုက်လူနာ ၁၄ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ လေးဦး၊ ဓာတ်ခွဲစမ်းသပ် လူနာ ၄၉ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျား ဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါ ရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၂၀ ကို နီးစပ်ရာတပ်မတော်ဆေးရုံ သို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို နယ်မြေခံတပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့နယ် မြိုင်သာယာကျေးရွာသို့ ရောက်ရှိရာ ဒေသခံပြည်သူများက လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်