
နေပြည်တော် မတ် ၂၂
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ ဆူပူဆန္ဒပြရာတွင် ကိုင်ဆောင်အသုံးပြုရန် ဗီနိုင်း ဆိုင်းဘုတ်ပြုလုပ်ပေးသည့် ကြော်ငြာလုပ်ငန်းဆိုင်အား ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်အရ ဆူပူအကြမ်း ဖက်သူ လူအုပ်စုများအနေဖြင့် လူအားဖြင့် လှုပ်ရှားမှု များအပြင် နိုင်ငံတော်အစိုးရဆန့်ကျင်ရေးရုပ်ပုံများ၊ စာတန်းများအား အများပြည်သူပိုင် လမ်းမကြီး များတွင် ဆေးရေးခြယ်ခြင်း၊ ညအချိန်တွင် အစိုးရ ဆန့်ကျင်ရေးစာသားများပါ ဖယောင်းတိုင်ထွန်း ခြင်း စသည်ဖြင့် လူစုလူဝေးဖြစ်ပေါ်အောင် လှုံ့ဆော် ဆောင်ရွက်မှုများအပြင် နိုင်ငံတော်အကြီးအကဲ၏ ဓာတ်ပုံများအား ဗီနိုင်း/စက္ကူများဖြင့် ပုံနှိပ်ထုတ်ဝေ ပြီး လမ်းမကြီးများနှင့် လူသွားလမ်းကြောင်းများတွင် ချထားခြင်း၊ အုတ်တံတိုင်းနှင့် သင်္ချိုင်းအုတ်ဂူများ တွင် ကပ်ထားခြင်း စသည်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ ၏ အလစ်အငိုက်အခြေအနေ အခွင့်သာမှုအပေါ် မူတည်ကာ မသင့်မလျော်လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း။
ယင်းကဲ့သို့ နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပုံနှိပ်ထုတ်ဝေခြင်း၊ မိတ္တူ ကူးခြင်း စသည့်လုပ်ငန်းရပ်များကို စီးပွားရေး လုပ်ငန်းအဖြစ် ဆောင်ရွက်နေကြသော ကွန်ပျူတာ ဆိုင်များ၊ မိတ္တူကူးဆိုင်များသည် ၂၀၁၄ ခုနှစ်၊ မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် ငြိစွန်းသည့်အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အရေးယူ ခံရသည့် ပြစ်မှုကျူးလွန်မှုများကို ဆောင်ရွက်နေ ခြင်းဖြစ်သည့်အတွက် ယင်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြု(မပြု)လုပ်ကြပါရန်နှင့် စစ်ဆေး တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မတ် ၈ ရက်တွင် သတင်း ထုတ်ပြန် အသိပေးထားရှိပြီးဖြစ်ကြောင်း။
ထိုသို့ သတင်းထုတ်ပြန်ထားရှိပြီးဖြစ်သော် လည်း အချို့သောမြို့နယ်များတွင် ဆက်လက် ပြုလုပ်မှုများရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက် ရပ်ကွက်ရှိ အောင်မင်းမြတ် (ခ) အောင်ကြီး (၅၈)နှစ် (ဘ) ဦးကျော်ဇောမြတ် ပိုင်ဆိုင်သော “အောင်ကြီး ဆီဇာ” ကြော်ငြာလုပ်ငန်းဆိုင်သို့ မတ် ၂၁ ရက် နံနက် ၁၀ နာရီတွင် ဝင်ရောက်ရှာဖွေခဲ့ရာ အောင်မင်း မြတ်(ခ) အောင်ကြီးကို ဆိုင်အတွင်း၌ အသင့်တွေ့ရှိ ရသဖြင့် ထိန်းသိမ်းပြီး ၎င်းဆိုင်အတွင်း ဆက်လက် ရှာဖွေခဲ့ရာ ပုံနှိပ်လုပ်ငန်းများတွင် အသုံးပြုသော ကွန်ပျူတာ ၅ စုံ၊ ဗီနိုင်းစက် ၆ လုံး၊ စတေကာဖြတ်စက် ၁ လုံး၊ ရက်စွဲအလိုက် မှာယူပစ္စည်းများ ရေးသွင်း ထားသည့် စာရင်းစာအုပ် ၂ အုပ်၊ ပြေစာ စာအုပ် ၁ အုပ်၊ နိုင်ငံတော်အစိုးရ ဆန့်ကျင်ရေးရုပ်ပုံနှင့် စာသားများပါ ဗီနိုင်းစတေကာမျိုးစုံ ၁၂ ခု၊ ပုံနှိပ် လုပ်ငန်းများတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း ကိရိယာမျိုးစုံတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ အောင်မင်းမြတ်(ခ) အောင်ကြီးအား နိုင်ငံတော်အစိုးရဆန့်ကျင်ရေး ရုပ်ပုံနှင့် စာသားများပါ ဗီနိုင်း၊ ပိုစတာနှင့် စတေကာ များအား ပုံနှိပ်ထုတ်ဝေပေးခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်