မန္တလေးတိုင်းဒေသကြီး လူငယ်ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ   ၂၈
“သွေးချင်းညီနောင်၊ ကောင်းကျိုးဆောင်၊  ပြည်သစ် အောင်ဖို့ ဆွေးနွေးစို့”ဟူသည့် ဆောင်ပုဒ်ဖြင့် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော လူငယ်ငြိမ်းချမ်းရေးစကားဝိုင်းကို ယနေ့နံနက်ပိုင်း တွင် မန္တလေးမြို့   မန္တလာသီရိအားကစားကွင်း၌ ကျင်းပသည်။
ဆွေးနွေးတင်ပြကြ
လူငယ်ငြိမ်းချမ်းရေးစကားဝိုင်း၌    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက    ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ     တက္ကသိုလ် အသီးသီး၌   အသိပညာ၊    အတတ်ပညာများကို သင်ယူနေကြသည့်   တိုင်းရင်းသား၊   တိုင်းရင်းသူ ကျောင်းသား ကျောင်းသူများက ၎င်းတို့၏ ပြည်နယ် နှင့် နိုင်ငံမတိုးတက်ခြင်းသည် ငြိမ်းချမ်းမှု မရရှိခြင်း ကြောင့်ဖြစ်သည့်အတွက်    ငြိမ်းချမ်းရေးရရှိပါက ခံစားရမည့် အသီးအပွင့်များ အကျိုးကျေးဇူးများကို တိုင်းရင်းသားလူမျိုးများအလိုက်    ကျောင်းသား ကျောင်းသူများက ၎င်းတို့၏ အမြင်နှင့် သဘောထား များကို ဆွေးနွေးတင်ပြကြခြင်းဖြစ်သည်။
ထိုသို့   ဆွေးနွေးတင်ပြကြရာတွင်    မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်ဘာသာအထူးပြု ပထမနှစ်​ကျောင်းသူ ကချင်တိုင်းရင်းသူ ဆိုင်းနူးနူး အောင်က “ကောင်းမွန်တဲ့ ဒီမိုကရေစီ​နဲ့ ဖက်ဒရယ် စနစ်ကို အ​ခြေခံတဲ့ပြည်ထောင်စုကို  တကယ်လိုချင် တယ်ဆိုရင်    ကျွန်မတို့   တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအားလုံး     ပညာတတ်ဖို့လိုပါတယ်။ ပရဟိတစိတ်ရှိဖို့လိုပါတယ်။   ပညာလည်း   တတ်၊ ပရဟိတစိတ်လည်းရှိပြီဆိုရင်   ကျွန်မတို့နိုင်ငံမှာ စွဲကပ်နေတဲ့ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဘာသာစွဲ ဆိုတဲ့ အစွဲ   လေးမျိုးကင်းမှာ ဖြစ်ပါတယ်။  ဒီအစွဲ ​လေးမျိုး ကင်းရင် မိမိတတ်ထားတဲ့ အသိပညာ၊ အတတ်ပညာ တွေနဲ့ ကဏ္ဍအသီးသီးမှာ မခိုမကပ်ဘဲ လုပ်ဆောင်ကြ မယ်ဆိုရင် ကျွန်မတို့ရဲ့ ကချင်ပြည်နယ်ဟာ သဘာဝ အလှနဲ့ လူတွေရဲ့ မနောအလှ ထပ်တူကျလို့ ပြည်နယ် ရဲ့ အလှပုံရိပ်က တိုင်းပြည်ရဲ့ ဂုဏ်ကို တင့်စေမယ်လို့ ယုံကြည်မိပါတယ်” ဟု ဆွေးနွေးတင်ပြပြီး ရတနာပုံ တက္ကသိုလ်မှ    ကချင်တိုင်းရင်းသား   တိုင်းရင်းသူ ​ကျောင်းသား ​ကျောင်းသူများက “ကမ္ဘာ့မနောမြေ တေးသီချင်း” အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ 
ဆက်လက်၍ မန္တလေးပညာရေးဒီဂရီကောလိပ် မှ    ပထမနှစ်​ကျောင်းသား   ကယားတိုင်းရင်းသား မောင်ဇွဲမင်းခန့်က “ကျွန်တော်တို့ ကယားပြည်နယ် ထဲက   လောပိတရေအားလျှပ်စစ်ကနေ   မြန်မာ တစ်နိုင်ငံလုံးကို   အလင်းရောင်ပေးနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။   ဘာကြောင့်လဲဆိုရင်     ကဏ္ဍ အသီးသီး  ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  လျှပ်စစ်မီးက အခြေခံအကျဆုံးဖြစ်လို့ပါပဲ။ ဒါပေမယ့် ခြုံပြောရရင် ကယားပြည်နယ်က  ဖွံ့ဖြိုးတိုးတက်မှု  နှေးကွေးနေ ဆဲပဲဖြစ်ပါတယ်။ ဒါကဘာဖြစ်လို့လဲဆိုရင် အတိုင်း အတာတစ်ခုအထိ ငြိမ်းချမ်းမှုမရှိခဲ့လို့လို့ပဲ  ပြောရပါ မယ်။ ငြိမ်းချမ်းမှုမရှိရတာ ဘာကြောင့်ပါလဲ၊ ငြိမ်းချမ်း မှုရှိအောင် ကျွန်တော်တို့ ဆောင်ရွက်လို့ မရနိုင်ဘူး လား ရနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှုတွေနဲ့ အေးတူ၊ ပူအမျှ နေထိုင် လုပ်ကိုင် စားသောက်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးက အလိုလိုရသွားမှာ ဖြစ်ပါတယ်။ အေးချမ်းပျော်ရွှင်စွာနဲ့ နေထိုင်ကြပြီး   ဒေသဖွံ့ဖြိုးဖို့ဆိုရင်   ငြိမ်းချမ်းရေးက အရေးကြီးသလို  ပညာရေးကလည်း  အရေးပါလှပါ တယ်။ ပညာရေးနဲ့   ကျန်းမာရေး   နိမ့်ကျပြီဆိုရင် အခြားလူများကို ကူညီဖို့ဆိုတဲ့ ပရဟိတစိတ်လည်း နည်းပါးလာပါမယ်။ ဒါဆိုရင် လူအချင်းချင်း၊  လူ့အဖွဲ့ အစည်းအချင်းချင်း ချစ်ခင်ရင်းနှီးမှုတွေ လျော့ကျပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေကို   အောင်မြင် အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့    ပညာရည်မြင့်မားဖို့   ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု ဆွေးနွေးတင်ပြပြီး မန္တလေးတက္ကသိုလ်မှ      ကယားတိုင်းရင်းသား၊ တိုင်းရင်းသူ​ ကျောင်းသား ​ကျောင်းသူများက ကယား တိုင်းရင်းသားရိုးရာ “ဖားစည်သံ တေးသီချင်း” အက ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့အတူ   မန္တလေးသွားဘက်ဆိုင်ရာ   ဆေး တက္ကသိုလ်မှ ပထမနှစ်​ကျောင်းသူ ကရင်တိုင်းရင်းသူ မနော်သက်ပန်က  “ကရင်ပြည်နယ်က   လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်တဲ့အပြင်   ပညာတတ် များ   ပေါများသော်လည်း  ဘာကြောင့်တိုးတက်သင့် သလောက် မတိုးတက်သလဲလို့ မကြာခဏ တွေးမိပါ တယ်။ ဒါက မငြိမ်းချမ်းမှုတွေကြောင့် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့  ဝေါဟာရကို  မြန်မာအဘိဓာန် မှာ   ဆူပူလှုပ်ရှားထကြွခြင်း၊   စစ်မက်   စသည်တို့ ကင်းမဲ့သောအဖြစ် ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ငြိမ်းချမ်းရေးရဲ့  အနှစ်သာရဆိုတာ  တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ စည်းလုံးခြင်းနဲ့ တရားဥပဒေစိုးမိုးခြင်း ဖြစ်ပါတယ်။ ဒီလိုအနှစ်သာရကို လူသားတိုင်း အစဉ် အမြဲ လိုအပ်တောင့်တကြပါတယ်။ ငြိမ်းချမ်းမှသာ လူမှုစီးပွားဘဝများ    အဆင်ပြေတိုးတက်အောင် လုပ်ကိုင်နိုင်ပြီး ဘဝ၏အနှစ်သာရများ ဖော်ဆောင် နိုင်မှာ   ဖြစ်ပါတယ်။   ဒါကြောင့်   ကရင်ပြည်နယ်နဲ့ အမိနိုင်ငံတော်ကြီး     တိုးတက်ဖို့အတွက်    ထာဝရ ငြိမ်းချမ်းရေးသည်သာ အလိုအပ်ဆုံးနဲ့ အရေးပါဆုံး လို့ ဆွေးနွေးပြောကြားလိုပါတယ်။ ဒါကြောင့် ကရင် ပြည်နယ်ကြီး ငြိမ်းချမ်းဖို့အတွက် ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံးအနေနဲ့   ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို   အခြေခံတဲ့    ငြိမ်းချမ်းသော ပြည်နယ်ကြီးကို တည်ဆောက်ဖို့လိုတယ်လို့ ကျွန်မ အနေနဲ့    ဆန္ဒပြုပါတယ်”   ဟု   ဆွေးနွေးတင်ပြပြီး ရတနာပုံတက္ကသိုလ်မှ ကရင်တိုင်းရင်းသား၊ တိုင်းရင်း သူ​ကျောင်းသား ​ကျောင်းသူများက “အိုက်ဟူးအိုက် ဖော်တေးသီချင်း” အကဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။
ထို့ပြင် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ရုရှားဘာသာအထူးပြု ပထမနှစ်​ကျောင်းသား ချင်း တိုင်းရင်းသား အဲလီဆားဗန်နွန်ထန်းက “ငြိမ်းချမ်းမှု ဆိုတာ  လူ့အဖွဲ့အစည်းအားလုံးအတွက်  တုန်လှုပ် ခြောက်ခြားမှု      မရှိစေရန်၊    အငြင်းပွားမှုများကို လျော့နည်းစေရန်နဲ့     စီမံခန့်ခွဲရန်၊   ပတ်ဝန်းကျင် အပြောင်းအလဲများကို လိုက်လျောညီထွေမှုရှိစေရန်၊ လိုအပ်သော ယုံကြည်မှုရှိခြင်း   စတဲ့အရာအားလုံး ပူးပေါင်းဆောင်ရွက်မှသာ တိုးတက်အောင်မြင်ခြင်းရဲ့ အဓိက အုတ်မြစ်ဖြစ်တဲ့ ငြိမ်းချမ်းရေးအသီးအပွင့်ကို ရရှိခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါမှာ လူတစ်ဦးတစ်ယောက်တည်း က လုပ်ဆောင်၍   မရပါဘူး။   တိုင်းရင်းသားအားလုံး နိုင်ငံကြီးသားစိတ်ဓာတ်      မွေးမြူနိုင်မှသာလျှင် တစ်နိုင်ငံလုံး နေရာဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ငါးချောင်းတန်ဖိုး ကို သိကြသလို မတူကွဲပြားတဲ့ တိုင်းရင်းသားအားလုံး ရဲ့ စည်းလုံးညီညွတ်မှုရဲ့  တန်ဖိုးကို  သိကြစေလိုပါ တယ်” ဟု   ဆွေးနွေးတင်ပြပြီး   မန္တလေးပညာရေး ဒီဂရီကောလိပ်မှ   ချင်းတိုင်းရင်းသား၊   တိုင်းရင်းသူ​ကျောင်းသား ​ ကျောင်းသူများက  “မင်းဘမ်ပရမ်နာ ဇုန်ဂမ် တေးသီချင်း” အကဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။
အလားတူ   နည်းပညာတက္ကသိုလ်(မန္တလေး)မှ စက်မှုအင်ဂျင်နီယာဘာသာရပ် ဆဋ္ဌမနှစ်ကျောင်းသား  ဗမာတိုင်းရင်းသား     မောင်အောင်သူရဇော်က “ကျွန်တော်တို့ ပြည်ထောင်စုကြီးမှာ တိုင်းရင်းသား တွေက   တစ်နေရာတည်း   တစ်စုတည်းနေကြတာ မဟုတ်ပါဘူး။ အားလုံးရောနှော ပူးပေါင်းနေထိုင်ကြ တာ ဖြစ်ပါတယ်။ ဒီတော့ တစ်နေရာတည်း တစ်ဖျာ တစ်ကွက် တစ်လက်မတည်း တိုးတက်နေလို့ မဖြစ် နိုင်ပါဘူး။  မဖြစ်သင့်ပါဘူး။   ဗမာတိုင်းရင်းသားတို့ ဒေသတွေမှာ   လမ်းပန်းဆက်သွယ်ရေး၊    လျှပ်စစ် စွမ်းအင်၊ ဆက်သွယ်ရေး စတာတွေ အလုံးစုံကောင်းပါ ပြီလို့ မဆိုနိုင်ပါဘူး။ လိုအပ်ချက်တွေ များစွာရှိနေပါ တယ်။   အလုပ်အကိုင်    အခွင့်အလမ်းတွေလည်း တော်တော်ကြီးကို ကြိုးစားကြ၊ ဖန်တီးကြရပါဦးမယ်။ အားလုံးဝိုင်းဝန်းပြီး ကြိုးစားတည်ဆောက်ကြရပါဦး မယ်။   ဒီလိုပြောဆိုဆွေးနွေးခြင်းက   ဗမာတိုင်းရင်း သားတွေအတွက်သာမက မြန်မာပြည်အရပ်ရပ်မှာ နေထိုင်ကြတဲ့     တိုင်းရင်းသားအားလုံးအတွက် ထည့်သွင်းစဉ်းစားတွေးခေါ် ပြောဆိုခြင်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်နိုင်ငံတွေ      ခြေတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ဆယ်လှမ်းစာမက ပြေးကြရမယ်လို့ တွေးမိပါတယ်။ ဒီလိုနိုင်ငံတော်တည်ဆောက်ရေးမှာ တိုးတက်ချင်ရင်၊ အဆင်ပြေချောမွေ့ချင်ရင် တိုင်းရင်း သားတွေ တစ်ညီတစ်ညွတ်တည်း စည်းစည်းလုံးလုံးနဲ့ ကြိုးစားမှရပါလိမ့်မယ်။ ကြိုးစားဖို့ကလည်း ငြိမ်းချမ်း မှ ဖြစ်နိုင်ပါလိမ့်မယ်။ ငြိမ်းချမ်းမှ ခရီးရောက်ပါလိမ့် မယ်။ ငြိမ်းချမ်းရင် လှမ်းသလောက် ခရီးရောက်မယ် လို့   ဆွေးနွေးလိုပါတယ်”   ဟု  ဆွေးနွေးတင်ပြပြီး မန္တလေးပညာရေးဒီဂရီကောလိပ်မှ ဗမာတိုင်းရင်း သား၊  တိုင်းရင်းသူ​  ကျောင်းသား ​ ကျောင်းသူများက “ပျော်ရွှင်ပါ စေမြန်မာပြည် တေးသီချင်း” အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက်   မန္တလေးတက္ကသိုလ်မှ    ဇီဝဓာတု အထူးပြု မဟာသိပ္ပံပထမနှစ်​ကျောင်းသူ မွန်တိုင်းရင်း သူ မချောစုစန္ဒာလှိုင်က “ငြိမ်းချမ်းရေးနဲ့ဆက်စပ်ပြီး ပြောလိုတာက  မတူကွဲပြားတဲ့  လူမျိုးစုတွေအကြား ငြိမ်းချမ်းမှုရရှိပြီး     အတူလက်တွဲ    စည်းလုံးစွာ ဆောင်ရွက်နိုင်ကြမယ်ဆိုရင် ပြည်နယ်/တိုင်းဒေသ ကြီးတစ်ခုချင်း  တိုးတက်မှုမှတစ်ဆင့်  တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေ စုပေါင်းထားတဲ့ မြန်မာနိုင်ငံကြီး ကလည်း တိုးတက်ဖွံ့ဖြိုးလာပြီး  ငြိမ်းချမ်းချစ်ကြည် ရွှေပြည်သစ်ဆီသို့ အရောက်လှမ်းနိုင်မှာ မလွှဲဧကန် ဖြစ်ပါတယ်” ဟု ဆွေးနွေးတင်ပြပြီး မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့မှ   မွန်တိုင်းရင်းသား၊   တိုင်းရင်းသူ​ကျောင်းသား ​ကျောင်းသူများက “မွန်ဟင်္သာမင်းယိမ်း အက” ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့ပြင် ရတနာပုံတက္ကသိုလ်မှ ဥပဒေပညာအထူး ပြု    ပထမနှစ်​ကျောင်းသား    ရခိုင်တိုင်းရင်းသား မောင်ဘုန်းမြတ်ထွဋ်က “ခေတ်မီဖွံ့ဖြိုးတဲ့၊ ငြိမ်းချမ်း သာယာတဲ့ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကြ မယ်ဆိုရင် လူတိုင်း၊ လူတိုင်း အသိပညာကို အခြေခံ ပြီး တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးကြရမယ်၊ တရား မျှတကြရမယ်၊   လွတ်လပ်ကြရမယ်၊   ဒီမိုက​ရေစီနဲ့ ဖက်ဒရယ်စနစ်ကို  အခြေခံပြီး    အများသဘောကို လိုက်နာသလို အနည်းသဘောကို လေးစားပြီးညှိနှိုင်း တိုင်ပင်   ဆောင်ရွက်ကြမယ်ဆိုရင်   ကျွန်တော်တို့ မျှော်လင့်တဲ့ ရွှေပြည်သစ်ကြီးက အလှမ်းမဝေးဘူးလို့ ပြောကြားလိုပါတယ်” ဟု ဆွေးနွေးတင်ပြပြီး ရတနာပုံ တက္ကသိုလ်မှ   ရခိုင်တိုင်းရင်းသား၊   တိုင်းရင်းသူ​ကျောင်းသား ​ကျောင်းသူများက  “ညီညွတ်ကြမယ် တေးသီချင်း” အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဖျော်ဖြေတင်ဆက်
ထို့အတူ မန္တလေးတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပညာအထူးပြု ပထမနှစ် ကျောင်းသား ရှမ်းတိုင်းရင်း သား မောင်ခန့်မြတ်သူက “ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့         ဒီမိုက​ရေစီနဲ့ ဖက်ဒရယ်စနစ်ကို    အ​ခြေခံတဲ့      ပြည်ထောင်စုကို တည်ထောင်ရန်နဲ့   ငြိမ်းချမ်းရေးအသီးအပွင့်များ ကို   ခံစားနိုင်ရန်   ပင်လုံစိတ်ဓာတ်ကို   အခြေခံပြီး တည်ဆောက်ရန် လိုအပ်ပါတယ်။ ဒီလိုတည်ဆောက် ရာမှာ ကျွန်တော်တို့အနေဖြင့် Unity in Diver-sity ဆိုတဲ့အတိုင်း မတူကွဲပြားမှုများကြားမှ စည်းလုံး ညီညွတ်မှုရရှိအောင်    အချင်းချင်း  အပြန်အလှန် လေးစားမှုဖြင့်   ငြိမ်းချမ်းစွာ  အတူတကွ   စည်းလုံး ညီညွတ်မှုရရှိအောင်   အချင်းချင်း    အပြန်အလှန် လေးစားမှုနဲ့ငြိမ်းချမ်းစွာ အတူတကွ စုပေါင်းနေထိုင် သွားကြရပါမယ်။ Unity is Strength ဆိုတဲ့ စည်းလုံး ခြင်းသည် အင်အားကို တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်။ ဒါက ဖက်ဒရယ်ရဲ့  အနှစ်သာရဖြစ်ပါတယ်။ ငြိမ်းချမ်းမှပြည်သာမည် ဆိုတဲ့အတိုင်း ငြိမ်းချမ်းမှု ရှိမှသာ ဖွံ့ဖြိုးတိုးတက်မှု ရှိပါမယ်။ ငြိမ်းချမ်းမှသာ ပညာသင်ကြားရေးမှာ     စိုးရိမ်ပူပန်ကြောင့်ကျမှု ကင်းစွာသင်ယူနိုင်ပါမယ်။ ဒါကြောင့် ငြိမ်းချမ်းရေးက နိုင်ငံတစ်နိုင်ငံ    ဖွံ့ဖြိုးတိုးတက်သာယာဝပြောရေး အတွက် အထူးအရေးကြီးပါတယ်”  ဟု  ဆွေးနွေး တင်ပြပြီး ရတနာပုံတက္ကသိုလ်မှ ရှမ်းတိုင်းရင်းသား၊ တိုင်းရင်းသူ​ ကျောင်းသား ​ကျောင်းသူများက “ရှမ်း ပြည်နယ်နေ့အထိမ်းအမှတ် တေးသီချင်း” အကဖြင့် ဖျော်ဖြေတင်ဆက်ကြကာ  ဆွေးနွေးပွဲကို  ရုပ်သိမ်း လိုက်သည်။                                      မိုးယံ