မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့်  ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူ အမျိုးသားနှစ်ဦး တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဇူလိုင်   ၁၂


မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူ အမျိုးသားနှစ်ဦးကို  တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ    ယနေ့    နံနက် ၁၁  နာရီခန့်တွင်   မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ၅၇ လမ်း နှင့်   ၃၄ လမ်းကြားရှိ   မြို့နယ် လျှပ်စစ်ရုံးအား ဆိုင်ကယ်စီးနင်း လာသည့် အကြမ်းဖက်သူ အမျိုး သား နှစ်ဦးက  လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ အဆိုပါဗုံးမှာ ရုံးရှေ့ သို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲခြင်း မရှိဘဲ အကြမ်းဖက်သူ အမျိုးသား နှစ်ဦးသည် ဆိုင်ကယ်ဖြင့် ၅၇ လမ်း အတိုင်း     မောင်းနှင်ထွက်ပြေး သွားခဲ့ရာ  ၅၇ လမ်းနှင့်  ၃၅ လမ်း အရောက်၌  အသင့်တာဝန်ထမ်း ဆောင်နေသော လုံခြုံရေးရဲတပ်ဖွဲ့ ဝင်အချို့နှင့်  အနီးပတ်ဝန်းကျင်ရှိ အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိ     ပြည်သူလူထုများက ဝိုင်းဝန်းပိတ်ဆို့      ဖမ်းဆီးခဲ့ရာ လက်လုပ်ဗုံးဖြင့်     ပစ်ပေါက်ခဲ့သူ အမျိုးသား နှစ်ဦးအနက် ရန်ကုန် တိုင်းဒေသကြီး        ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်      ရွှေဟင်္သာလမ်းနေ နေလင်းအောင် (၄၀ နှစ်)   (ဘ)ဦးဝင်းအောင် ၎င်းစီးနင်းလာသည့် ဆိုင်ကယ်နှင့်အတူ  ဖမ်းဆီးရမိခဲ့ ပြီး ဆိုင်ကယ်တူးဘောက်အတွင်း မှ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး   သုံးလုံး    တွေ့ရှိ သိမ်းဆည်းရမိခဲ့ကာ    ၎င်းနှင့် အတူ    ပါဝင်သူ    လွင်မိုးဆိုသူမှာ ထွက်ပြေး      လွတ်မြောက်သွား ခဲ့သည်။
ဆက်လက်၍   လက်လုပ်ဗုံး ဖြင့်   ပစ်ပေါက်ခဲ့ရာတွင် ပူးပေါင်း ပါဝင်ခဲ့သူ    တရားခံ  လွင်မိုးကို ဖမ်းဆီးရမိနိုင်ရေး     လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီး စဉ်     တာဝန်သိပြည်သူများ၏ သတင်းပေးမှုအရ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကန်ကောက် ရပ်ကွက် ကန်ကောက်ကွက်သစ် လမ်း၌ တရားခံ လွင်မိုး(၂၅ နှစ်) (ဘ) ဦးသန်းလွင်ကို   ဖမ်းဆီးရမိ ခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူ များ၏      ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက်သူ အမျိုးသားနှစ်ဦးကို     ဥပဒေနှင့် အညီ   ထိရောက်စွာ  အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်