
နေပြည်တော် ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ် ရပ်နားဆောင်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင် ထားသည့် လက်လုပ်မိုင်း နှစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ငါးဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် အကျနေ့အခါ သမယဖြစ်သည့် ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ချမ်းအေး သာစံမြို့နယ်၊ ၇၁ လမ်း၊ ၂၇ လမ်း ထောင့်နှင့် ၇၁ လမ်း၊ ၂၈ လမ်း ထောင့်ရှိ မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ် အနောက်ဘက်ရှိ မော်တော်ဆိုင်ကယ် ရပ်နားဆောင် အတွင်း ရပ်ထားသည့် မော်တော် ဆိုင်ကယ်တစ်စီး၏ အိတ်ဇော အတွင်းမှ PDF အမည်ခံအကြမ်း ဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း နှစ်လုံး ပေါက်ကွဲ ခဲ့ပြီး ထိုသို့ပေါက်ကွဲမှုကြောင့် အတာ ရေသဘင်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ကလေး ငယ် ငါးဦးအပါအဝင် ဒေသခံ ပြည်သူ ၁၂ ဦး မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက် ဒဏ်ရာရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသ မှု ခံယူစေလျက်ရှိကြောင်း သိရှိ ရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်း အစဉ်အလာများနှင့် အညီ ရိုးရာမပျက် ဆက်လက် ထိန်းသိမ်းရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေး သိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်း နွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ် တွင် နိုင်ငံတော်၏ တာဝန် များကို စွမ်းအားပြည့် ဆောင်ရွက် နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက် လက် ထိန်းသိမ်းစောင့်ရှောက် တတ်ကြစေရန် စသည့်ရည်ရွယ် ချက်များဖြင့် နိုင်ငံတစ်ဝန်း တွင် စည်ကားသိုက်မြိုက်စွာဖြင့် နှစ်စဉ် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ မြန်မာ့ရိုးရာ အတာသင်္ကြန် ရေသဘင်ပွဲတော် ကို ရိုးရာမပျက်ဆင်နွှဲလျက်ရှိ သည့် အပြစ်မဲ့ပြည်သူများနှင့် ကလေးသူငယ်များအား ရည်ရွယ် ချက်ရှိရှိဖြင့် လက်လုပ်မိုင်းများ ဖောက်ခွဲခြင်းသည် ဂျီနီဗာ ကွန်ဗန်းရှင်းနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ် မှု (War Crime) ကို ကျူးလွန်ခြင်း ဖြစ်ပြီး အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား အမြန်ဆုံးဖော် ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အပြစ်ပေး အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်