မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ ငွေကျပ် တစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၂ 


မန္တလေးတိုင်း    ဒေသကြီး ကျောက်ဆည်   မြို့နယ်နှင့် အောင်မြေသာစံ   မြို့နယ်တို့ ၌    ငွေကျပ်   တစ်ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  သိရ သည်။

 


ဖြစ်စဉ်မှာ မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော  ပူးပေါင်း အဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင် ဘာ ၂၉ ရက် ည ၉ နာရီခွဲတွင် သတင်းအရ  ကျောက်ဆည် မြို့နယ် ရဲရွာအနီး ကားလမ်း ဘေးတွင် AD Van မော်တော် ယာဉ်မောင်းနှင်သူ ကျော်ဇင် လင်း  ကို  ၎င်းသယ်ဆောင်  လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅၅၀၀ တန်ဖိုး ရှိ ဘိန်းဖြူ ၂၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး      စစ်ဆေး ဖော်ထုတ်ချက်အရ အဆိုပါ ဘိန်းဖြူများကို ပြင်ဦးလွင် မြို့နယ်မှ      ပြည်ကြီးတံခွန် မြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း။ 

 


အလားတူ မူးယစ်ဆေး ဝါး   တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့ သည် သတင်းအရ ဒီဇင်ဘာ  ၃၁ ရက် နံနက် ၁၀ နာရီခွဲ တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ၂၁ လမ်း ၈၆ x ၈၇ လမ်းကြား တွင် နေမျိုးအောင်ကို Foton  ခြောက်ဘီးယာဉ် တစ်စီးနှင့် လည်းကောင်း၊  မင်းမင်းဦး ကို   ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း တွေ့ရှိသဖြင့် ရှာဖွေရာ   မော်တော်ယာဉ် ပေါ်မှ   ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၆၉ ကီလို၊ ဘိန်း ၈ ဒသမ ၅ ကီလို     သိမ်းဆည်းရမိခဲ့ ကြောင်း၊ စစ်ဆေး ဖော်ထုတ် ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို  ရှမ်း ပြည်နယ် (မြောက်ပိုင်း)   မှ စစ်ကိုင်းတိုင်းဒေသကြီးသို့  သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေ အရ    အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။          

သတင်းစဉ်