
နေပြည်တော် ဒီဇင်ဘာ ၉
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG အဖွဲ့များသည် နိုင်ငံရေးအမည်ခံ ၎င်းတို့၏ ကိုယ်ကျိုး စီးပွားအတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ကိုလုပ်ဆောင်လျက်ရှိသည်။
အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုမည့် လက်နက်၊ ခဲယမ်းများကိုလည်း နည်းမျိုးစုံဖြင့် နိုင်ငံအတွင်း ပို့ဆောင်၍ အများပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်း အချို့တွင် သိုဝှက်သိမ်းဆည်းခြင်း၊ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်၍ အကြမ်းဖက်လုပ်ငန်းများကို အားပေးခြင်း၊ ကိုယ်တိုင် ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
သိမ်းဆည်းရမိ
ထိုသို့ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင် နိုင်မှု မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် စုံစမ်းရှာဖွေဖော်ထုတ်မှုများကို ဆောင်ရွက် လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ခူလည်ကျေးရွာရှိ မဏိဇောတိက ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တရားမဝင် လက်နက်၊ ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ သိုဝှက်သိမ်းဆည်းထား ကြောင်း တာဝန်သိပြည်သူတို့၏ သတင်းပေးပို့မှုအရ ဒီဇင်ဘာ ၈ ရက်ညပိုင်းတွင် အဆိုပါကျောင်းအား သွားရောက်၍ ဖော်ထုတ်သိမ်းဆည်းမှုများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ ရှာဖွေဖော်ထုတ်ခဲ့ရာတွင် အဆိုပါကျောင်းတိုက်ရှိ ဥူးအာစာရ (ဝါတော် ၄ ဝါ) (ခ)ဦးညီနိုင် (၃၉)နှစ်(ဘ) ဦးနတ်ပေါ်၏ ထွက်ဆိုချက် အရ ဆွမ်းစားဆောင်အနောက်ဘက်တွင် မြေကြီး အတွင်း မြှုပ်နှံထားသော KA သေနတ် အလက် ၂၀၊ ၎င်းကျည်အိမ် ၆၀၊ ၎င်းကျည် အတောင့် ၇၀၀၀၊ လက်ပစ်ဗုံး ၉၇ လုံး၊ အီနာဂါ ၅၄ လုံး၊ လျှပ်စစ်စနက်တံ အချောင်း ၃၀၀၊ ယမ်းမှုန့် ၁၅ ပိဿာခန့်၊ သေနတ် လွယ်ကြိုးနှင့် စစ်ချပ်ဝတ် အခု ၂၀ စီတို့အား သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇူလိုင် ၂၉ ရက်၌လည်း မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၈၅ x ၈၆ လမ်းကြားရှိ မြတောင်ဘုန်းကြီးကျောင်းတိုက် အတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်အုပ်ဆရာတော်ဘုရားထံခွင့်ပန်၍ ဝင်ရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်သမား တစ်ဦးနှင့် ရှော့တိုက်လက်လုပ် မိုင်း ၁၄ လုံး၊ လက်လုပ်မိုင်းအကြီး လေးလုံး၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ ကျောင်းတိုက် ဝင်းအတွင်းရှိ ဦးဩဘာသကျောင်းအား ထပ်မံရှာဖွေ ဖော်ထုတ်ခဲ့ရာ Air Gun အတို တစ်လက်၊ လက်လုပ် မိုင်းအကြီး ၁၄ လုံး၊ အကြမ်းဖက်သမားများကို ထောက်ပံ့မည့် ငွေသားအချို့တို့ကို သိမ်းဆည်းရမိခဲ့ သည်။
အလားတူ စက်တင်ဘာ ၁၃ ရက်တွင် အကြမ်းဖက်သမားများသည် CDM ဘဏ်ဝန်ထမ်း အချို့နှင့် ပူးပေါင်း၍ ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် လေးဘီလီယံ တင်ဆောင်လာသည့် မော်တော် ယာဉ် နှစ်စီးအား ရန်ကုန်- မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၅/၅)နေရာ၌ ယာဉ်ထိန်းရဲဝတ်စုံများ ဝတ်ဆင်ကာ ဘဏ်ငွေများအား ဓားပြတိုက်လုယက် ယူဆောင်ပြီး လက်နက်၊ ခဲယမ်းများနှင့် ငွေများအား ဥဿာမြို့သစ် ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မဒူတ”သီလရှင် ကျောင်းတိုက်ရှိ ဒေါ်ဥပ္ပသမာနှင့် ဒေါ်ဓမ္မစာရီ တို့ထံ တွင် အပ်နှံခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖော်ထုတ်ဖမ်းဆီးခဲ့ရသည်။
ဖမ်းဆီးရမိ
ထို့အတူ ဒီဇင်ဘာ ၅ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ဂုံးညှင်းတန်းအုပ်စု လဲလောင်းကျေးရွာအနီး ခြေတော်ရာဘုန်းကြီးကျောင်း အတွင်းမှ ဉူးပညာနန္ဒ(ခ)ကြည်ညွန့် (၆၆)နှစ်အား ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် အတောင့် ၂၀၊ အမ်-၁၆ တစ်လက်၊ ၎င်းကျည်အိမ် လေးခု၊ ၅ ဒသမ ၅၆ ကျည် ၉၆ တောင့်၊ ရှေ့ထွက်မိုင်း သုံးလုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေးအတွက် အကြမ်းဖက်အုပ်စု ဖြစ်သည့် NUG နှင့် NUG ၏ စေခိုင်းချက်များအရ မြို့၊ ရွာများတွင် သက်ဆိုင်ရာ ဘာသာအလိုက် ရဟန်းသံဃာတော် အယောင်ဆောင် သူများ၊ ဘာသာရေးဆရာတော်အယောင်ဆောင်သူ များ၊ သံဃာတော်ကျောင်းတိုက်များနှင့် ဘာသာရေး ကျောင်းများတွင် အကြမ်းဖက်ဖောက်ခွဲရေးပစ္စည်း များ သိုဝှက်သိမ်းဆည်းရန် ခုတုံးလုပ်သူများက ရည်ရွယ်ချက်ရှိစွာဖြင့် သက်ဆိုင်ရာ ဘာသာ၊ သာသနာအလိုက် ညှိုးနွမ်းပျက်စီး ပပျောက်ရေးကိုပါ ဦးတည်လုပ်ဆောင်လာမှုအပေါ် ကိုးကွယ်ယုံကြည် ရာ ဘာသာဝင်များအနေဖြင့် အသိတရား လက်ကိုင် ထားလျက် နိုင်ငံတော်အစိုးရ၏ ဓမ္မစက်၊ အာဏာစက် များဖြင့် ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက် မှုများ၌ ဘာသာရေးအရေခြုံ အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်သတင်းများကို အချိန်မီနီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်း ပေးပို့ကြရေး သက်ဆိုင်ရာမှ နှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်