မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ကာလအတွင်း စားသုံးသူများ၏တိုင်ကြားမှု ၁၄ မှုအနက် ၁၃ မှု ဖြေရှင်းဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရ

 

မန္တလေး  ဇန်နဝါရီ   ၂၀


မန္တလေးတိုင်းဒေသကြီး စားသုံးသူ ရေးရာ       ဦးစီးဌာနအနေဖြင့် တိုင်ကြားမှုများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ကာလ အတွင်း တိုင်ကြားမှု ၁၄ မှု ရှိခဲ့ရာ ၁၃ မှု ဖြေရှင်းပေးခဲ့ပြီး ကျန်တစ်မှု ကိုလည်း   ဖြေရှင်းဆောင်ရွက်ဆဲ ဖြစ်ကြောင်း  အဆိုပါဦးစီးဌာနမှ သိရသည်။

 


“စားသုံးသူတွေအနေနဲ့ မိမိရဲ့ နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်ရှိလာလို့ တိုင်ကြားလာတဲ့အခါ ဌာနကနေ ဖြေရှင်း     ဆောင်ရွက်ပေးနေပါ တယ်။ အခု မီနီဘတ်ဂျက်ကာလ ၂၀၂၁   အောက်တိုဘာလကနေ ၂၀၂၂ ဇန်နဝါရီ  ၁၈ ရက်အထိ တိုင်ကြားမှု ၁၄ မှု ရှိခဲ့တယ်။  အဲဒီ ထဲက  ၁၃   မှု   ဖြေရှင်းပေးခဲ့ပြီး ဖြစ်ပါတယ်။  ကျန်တစ်မှု ဖြေရှင်း ဆောင်ရွက်နေဆဲပါ။ ကုန်စည်နဲ့ ပတ်သက်ပြီး  ဝန်ဆောင်မှု ၁၁ မှု၊ ဆက်သွယ်ရေး     ဝန်ဆောင်မှု သုံးမှုပါတယ်။      Delivery    နဲ့ ပြည်တွင်းခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေပါတယ်”ဟု မန္တလေး တိုင်းဒေသကြီး  စားသုံးသူရေးရာ ဦးစီးဌာနမှ ဌာနခွဲတာဝန်ခံ ဦးမျိုး ထွန်းက ပြောသည်။ 

 


စားသုံးသူများအနေဖြင့် ၎င်းတို့ ၏ လိုအပ်ချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို   ဝယ်ယူရာ တွင်  အရည်အသွေးပြည့်ဝသည့် ကုန်စည်များရရှိရန်နှင့် ကျေနပ်မှု ရှိစေသည့်   ဝန်ဆောင်မှုများကို ရရှိရန်မှာ    အခြေခံလိုအပ်ချက် ဖြစ်ပြီး  ယင်းလိုအပ်ချက်များကို အပြည့်အဝ    ရရှိစေရန်အလို့ငှာ စားသုံးသူ     အသိပညာပေးရေး လုပ်ငန်းများသည် အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်သည်။ 

 


“လက်ရှိမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနနဲ့ ပူးပေါင်းပြီး   Talk    Show   တွေ လုပ်ပြီး   အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်။ စက်သုံးဆီ ဆိုင်တွေကိုလည်း ပုံမှန်ကွင်းဆင်း စစ်ဆေး  ဆောင်ရွက်နေတာတွေလည်းရှိပါတယ်။     တိုင်ကြားမှု အရေအတွက်က     တစ်နှစ်နဲ့ တစ်နှစ်        ကွာခြားမှုရှိပါတယ်။ စားသုံးသူ   ပြည်သူတွေအနေနဲ့ ဝယ်ယူစားသုံးမှုဆိုင်ရာ   အသိ ပညာဗဟုသုတတွေ     သိရှိထားဖို့ လိုသလို နစ်နာဆုံးရှုံးနေရမှုတွေ ရှိရင်လည်း ဆက်သွယ်တိုင်ကြား နိုင်ပါတယ်”ဟု  ၎င်းက ဆက်လက် ပြောသည်။ 

 


မန္တလေး     တိုင်းဒေသကြီး စားသုံးသူရေးရာ  ဦးစီးဌာနအနေ ဖြင့် စားသုံးသူများ၏ တိုင်ကြားမှု များနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်ကြားမှုပေါင်း ၂၃၇ မှုရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် တိုင်ကြားမှုပေါင်း ၇၆ မှု သာ ရှိခဲ့ကြောင်းနှင့် တိုင်ကြားမှု များတွင်     ကုန်စည်ဝန်ဆောင်မှု၊ ဆက်သွယ်ရေး       ဝန်ဆောင်မှု လုပ်ငန်းများဖြစ်ကြောင်း အဆိုပါ ဌာန၏   မှတ်တမ်းများအရ  သိရ သည်။ 

 


စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်စည်နှင့်         ဝန်ဆောင်မှု အပေါ် အာမခံချက်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍     လက်ခံ သုံးစွဲနိုင်သော        အရည်အသွေး ဖြစ်ခြင်း၊ အရည်အသွေး၊   အခြင် အတွယ်ပမာဏနှင့်     အလေးချိန် မှန်ကန်မှုရှိခြင်း၊  ဘေးအန္တရာယ် ကင်းရှင်းစေခြင်း၊        သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှု ရှိခြင်း၊   နမူနာပစ္စည်း     အတိုင်း တူညီစွာ ပါရှိခြင်း၊ အာမခံချက်ပေး ထားသည့်ကာလ(သို့)အသုံးပြုနိုင် မည့်ကာလအတွင်း     အပိုပစ္စည်း ရရှိနိုင်ခြင်း၊    ပြန်လည်ပြုပြင်နိုင် ခြင်း(သို့) လဲလှယ်နိုင်ခြင်း၊     ကုန် အညွှန်းအမှတ်အသား   ပါအချက် အလက်၊   ကြော်ငြာ၊   ကမ်းလှမ်း ချက်(သို့) အရောင်းမြှင့်တင်ခြင်း တွင် ပါဝင်သော  ဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်းစသည့်  အာမခံ ချက်များ၊   ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူသိရှိစေရန်   ကြိုတင် အသိပေးခြင်း၊  ဝန်ဆောင်မှု အဆင့် အတန်းနှင့်       ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော   အချိန်ကာလ အတွင်း     ပြီးမြောက်အောင် ဆောင်ရွက်ခြင်း၊   သဘောတူညီ ထားသည့်    ဝန်ဆောင်မှုတန်ဖိုး အတိုင်းပေးအပ်စေခြင်း   စသည့် အာမခံချက်များဖြစ်ကြောင်း သိရ သည်။


မောင်အေးချမ်း