
မန္တလေး မေ ၁၈
မန္တလေးတိုင်းဒေသကြီး စာကြည့် တိုက်များဖောင်ဒေးရှင်း အလုပ် အမှုဆောင် အစည်းအဝေး ၃/ ၂၀၂၂ ကို မေ ၁၅ ရက်က မန္တလေး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားမှူးအဖြစ် ဦးကျော် ဆင့်အေး (အတွင်းရေးမှူး)က ဆောင်ရွက်ပြီး တိုင်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသောင်းနိုင်က ဗဟိုမှ ချမှတ်ထားသည့် လုပ်ငန်းစဉ် များနှင့် မန္တလေးတိုင်းဒေသကြီးစာကြည့်တိုက်များ ဖောင်ဒေးရှင်း က ချမှတ်ထားသည့်ရည်ရွယ်ချက် ၆ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး သည်။
ထို့နောက် တက်ရောက်လာ သည့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာကြည့် တိုက်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် အတွင်းရေးမှူး ဦးကျော်ဆင့်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးထွဏ်းလှအောင်၊ တွဲဖက်အတွင်း ရေးမှူး ဦးသန်း(မဟာဝိဇ္ဇာ)၊ စာရင်းစစ်ဥပဒေအကြံပေး ဦးစိုးလှ နှင့် ဘဏ္ဍာရေးမှူး ဒေါ်ခင်ဝင်းတို့ က စာကြည့်တိုက်များ ရှင်သန် ထက်မြက်ရေး၊ တိုင်းအစည်း အဝေးကို သုံးလတစ်ကြိမ် ကျင်းပ ရေး၊ မိမိတို့မြို့နယ်အတွင်းရှိ စာကြည့်တိုက်များကို စာအုပ်များ ထောက်ပံ့နိုင်ရေး ဆွေးနွေးဆုံးဖြတ် သည်။
ထို့နောက် မန္တလေးတိုင်း ဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်း နိုင်က တတိယအကြိမ် မြန်မာနိုင်ငံ စာရေးဆရာအသင်း ညီလာခံ (ဗဟို)အတွက် ငွေကျပ်ငါးသောင်း၊ ညီလာခံကိုယ်စားလှယ်များ ဖြစ် ကြသည့် မန္တလေးတိုင်းဒေသကြီးစာကြည့်တိုက်များ ဖောင်ဒေးရှင်း အလုပ်အမှုဆောင်များ ဖြစ်ကြ သည့် ဦးထွဏ်းလှအောင် ၊ ဦးသန်း (မဟာဝိဇ္ဇာ)နှင့် ဒေါ်ခင်ခင်ဝင်း (ပညာရေး)တို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီ ပေးအပ်ရာ သက်ဆိုင်ရာ ညီလာခံကိုယ်စား လှယ်များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
(၀၄၂)