မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အရိုးဓာတ်ပြာတော် ရေမျှောပူဇော်မည့်အခမ်းအနား ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှု

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အရိုးဓာတ်ပြာတော် ရေမျှောပူဇော်မည့်အခမ်းအနား ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ကြည့်ရှု

 

မန္တလေး  ဇွန်   ၂


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏     အဓိပတိ မန္တလေးတိုင်းဒေသကြီး       မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏    ဦးစီးပဓာန မဟာ နာယက အဘိဓဇမဟာရဋ္ဌဂုရု၊   အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ မဟာထေရ်မြတ်ကြီး၏     အန္တိမဈာပနပူဇာသဘင် အခမ်းအနားကို  ဇွန် ၆ ရက် ညနေပိုင်းတွင် ဗန်းမော် ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်း တော်မှ ကရဝိက်ဖောင်တော်ယာဉ်ဖြင့် ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ပင့်ဆောင်၍ လောင်တိုက်တော်၌ တေဇောဓာတ်မီးပူဇော်ပြီး ဇွန် ၇ ရက် နံနက်ပိုင်းတွင်  အရိုးဓာတ်ပြာတော်များအား   ဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်သွားမည့်            အခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ    ကျင်းပသွားမည် ဖြစ်သည်။

 


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့နံနက်ပိုင်းက အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်    ဒုတိယတိုင်းမှူး    ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊   တိုင်းဒေသကြီး    အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ         မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်ရှိ              ဓမ္မစေတိယကျောင်းသို့ သွားရောက်ကာ    နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့         မစိုးရိမ်တိုက်သစ်    မဟာနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ နှင့်      မန္တလေးတိုင်းဒေသကြီး    သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ်နာယက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ  ဆရာတော်တို့ကို ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး  ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာ သဘင်အခမ်းအနားအား     နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ      သာသနာရေးထုံးတမ်းစဉ်လာများ အတိုင်း အဆင်ပြေချောမွေ့စွာဖြစ်စေရေး   ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု    အစီအမံများ၊   ဥတုဇ ရုပ်ကလာပ်တော်အား        ယာယီစံကျောင်းတော်မှ ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ကရဝိက်ဖောင် တော်ယာဉ်ဖြင့်    ပင့်ဆောင်၍  လောင်တိုက်ပြာသာဒ် ၌ တေဇောဓာတ်ပူဇော်ခြင်း၊ အရိုးဓာတ်ပြာတော်အိုး  များကို ချမ်းမြသာစည် လေဆိပ်ဟောင်းမှ ဧရာဝတီ မြစ် မရမ်းခြံဆိပ်ကမ်းရှိ ကရဝိက်ဖောင်တော်ရေယာဉ် ပေါ်     ပင့်ဆောင်ပူဇော်ခြင်းနှင့်    မြစ်အတွင်းရေမျှော ပူဇော်ခြင်း အခမ်းအနားများအတွက် စနစ်တကျ စီမံ ဆောင်ရွက်ထားရှိမှုများကို လျှောက်ထားတင်ပြပြီး ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူခဲ့ကြသည်။ 

 


ဆက်လက်၍    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အရိုးဓာတ်ပြာတော်ရေမျှောပူဇော်မည့်  ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းနေရာသို့ ရောက်ရှိပြီး  အခမ်းအနားအတွက်     ကြိုတင်ပြင်ဆင်ဆောင်ရွက် နေမှုနှင့်   မြစ်အတွင်း    အရိုးဓာတ်ပြာတော်အိုးများ ပင့်ဆောင်မည့်    ကရဝိက်ဖောင်တော်ရေယာဉ်ကြီး ပြင်ဆင်ဆောင်ရွက်နေမှုများကို  လိုက်လံကြည့်ရှု စစ်ဆေးကာ   တိုင်းဒေသကြီးဝန်ကြီးချုပ်က   ဆပ်ကော်မတီများအနေဖြင့်  လုပ်ငန်းများ ဆောင်ရွက် ရာတွင်          လစ်ဟာမှုမရှိစေရေးနှင့်   သတ်မှတ်ကာလ အတွင်း   ပြီးစီးရေး    စနစ်တကျ    ကြပ်မတ်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း  ပြောကြားကာ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း    ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။                      

သတင်းစဉ်