
နေပြည်တော် မတ် ၇
မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ်ရှိ ရပ်ကွက်များတွင် စစ်မှုထမ်းရန်အတွက် ရပ်ကွက် တစ်ခုလျှင် လူ ၂၀ ပေးရန် တောင်းခံနေကြောင်း ကောလာ ဟလသတင်းအမှားများကို တရား မဝင်ပြည်ဖျက်များက လုပ်ကြံ ရေးသားပြီး လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။
အဆိုပါ မန္တလေးတိုင်းဒေသ ကြီး အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်များမှ ရပ်ကွက်တစ်ခု လျှင် လူ ၂၀ ကို တောင်းခံနေသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများ သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့် နေ့မှစ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်စေ ရန်အတွက် သတင်းတု၊ သတင်း အမှားများဖြင့် နေစဉ်နှင့်အမျှ ခြောက်လှန့်လျက်ရှိသည်ကို မိဘ ပြည်သူများအနေဖြင့်လည်း သိရှိ ပြီးဖြစ်သည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ပြဋ္ဌာန်းချက်များသည် မြို့နယ် တစ်ခု၊ ကျေးရွာတစ်ရွာ စသည့် တစ်ဦးတစ်ယောက် တစ်မြို့ တည်းကိုသာ သက်ရောက်မှုရှိခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ မြို့ရွာ များမှ အကျုံးဝင်သူအားလုံးနှင့် သက်ဆိုင်သော ဥပဒေပြဋ္ဌာန်းချက် ဖြစ်သည့်အတွက် ကောလာဟလ သတင်းများကို ပြည်သူများ စိုးရိမ် ထိတ်လန့်မှုမရှိစေရန်နှင့် သိရှိ နားလည်စေရန် အတွက်လည်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့သို့ မိမိတို့သိရှိလိုသည် များ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါကြောင်းနှင့် ဆက်သွယ်ရ မည့် ဖုန်းနံပါတ်များကို နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန် ကြေညာထားရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်