မန္တလေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး   မတ်   ၇


မန္တလေးတိုင်းဒေသကြီး   ၂၀၂၂    ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား     အောင်မြင်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့ မွန်းလွဲ  ၂  နာရီတွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


ပြောကြား


ညှိနှိုင်းအစည်းအဝေးတွင်     မန္တလေးတိုင်း ဒေသကြီး  ဝန်ကြီးချုပ်  ဦးမောင်ကိုက အခမ်းအနား  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊       လုပ်ငန်းကော်မတီများအလိုက် ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း၊ ဆရာတော်၊ သံဃာတော်များ သီတင်းသုံးနိုင်ရေးနှင့်     ဝေယျာဝစ္စကိစ္စရပ်များ   လစ်ဟင်းမှုမရှိစေရေး၊  လိုအပ်ချက်၊ အားနည်းချက် များမရှိစေရေး လုပ်ငန်းကော်မတီအလိုက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်နှင့်       ကိုဗစ်-၁၉   ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ 


ယင်းနောက်   တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူ များက  အခမ်းအနားအောင်မြင်စွာ  ကျင်းပနိုင်ရေး အတွက်   ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ    တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ချီးမြှင့်ဆက်ကပ်သွားမည်


မန္တလေးတိုင်းဒေသကြီး   ၂၀၂၂    ခုနှစ် သာသနာတော်ဆိုင်ရာ    ဘွဲ့တံဆိပ်တော်   ချီးမြှင့် အပ်နှင်းပွဲအခမ်းအနားတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ  ဆရာတော်ကြီး ၁၆ ပါး၊ သီလရှင် ဆရာကြီး   သုံးပါး၊  လူပုဂ္ဂိုလ်  ခုနစ်ဦးတို့ကို ချီးမြှင့် ဆက်ကပ်သွားမည်ဖြစ်ပြီး အခမ်းအနားကို မဟာ အတုလဝေယံ(အတုမရှိ)     ကျောင်းတော်ကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  


သတင်းစဉ်