
မန္တလေး ဇန်နဝါရီ ၂၅
မန္တလေးနည်းပညာတက္ကသိုလ်၏ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ် မူလပင်မဆောင် စုဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အတူတကွ နံနက်စာ စားသုံးကြပြီးနောက် အခမ်း အနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ လူမှုရေးဦးတည်ချက်ထဲမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏မူဝါဒ နှင့်အညီ အနီးကပ်ကြီးကြပ် ဆောင်ရွက်နေကြောင်း၊ တက္ကသိုလ်မှ သင်ကြားပေးသော ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူပြီး တက္ကသိုလ်၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်သွားကြရမည်ဖြစ်ကြောင်း၊ မှန်ကန်သော ခေတ်အမြင်၊ ခေတ်အတွေးများဖြင့် ပညာရပ်များ၊ ဗဟုသုတများကို လေ့လာရှာဖွေ စုဆောင်းကာ သုတေသီကောင်းများဖြစ်အောင် လေ့ကျင့်ကြိုးစား ကြရမည်ဖြစ်ကြောင်း၊ အသိပညာကို အခြေခံပြီး လက်တွေ့နယ်ပယ်တွင် အတတ်ပညာရှင်များအဖြစ် အများအကျိုးကို ဖော်ဆောင်ပေးနိုင်သူများဖြစ် အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ မန်းမြင့်မိုရ်ဟိန်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်ထွေးက မန္တလေး နည်းပညာတက္ကသိုလ်အတွက် ငွေကျပ် ၁၁၅ သိန်းရှိ အလှူငွေများနှင့် စာအုပ်စာတမ်းများ၊ ပရိဘောဂ များကို လှူဒါန်းသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသား ကျောင်းသူများ၏ တိုင်းရင်း သားရိုးရာ အကများ၊ တေးသီချင်းတီးခတ်မှုနှင့် သရုပ်ဖော်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကပြဖျော်ဖြေခဲ့သော ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၂၀ (အပေါ်ပုံ)နှင့် အားကစားစွမ်းရည် တိုးတက်ရေးအတွက် အားကစားပစ္စည်းများကို ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ သာယာဝတီ မင်းတြားကြီး တည်ထားကိုးကွယ်ခဲ့သည့် နှစ်ပေါင်း ၁၈၀ ကျော် သမိုင်းဝင် လောကမဏိစူဠာစေတီ တော်ကြီး ဘုရားပရိဝုဏ်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် ထုံးသင်္ကန်းဆက်ကပ်နေမှု များကို လိုက်လံကြည့်ရှုကာ ဘုရားဖူးများ စိတ် ချမ်းမြေ့စွာဖူးမြော်ရေး၊ အမြဲသန့်ရှင်းသပ်ရပ်ရေး တို့ကို အလေးထားဆောင်ရွက်ရန်ရေးနှင့် ရေ၊ မြေ၊ သဘာဝနှင့်ကိုက်ညီသည့် အရိပ်ရအပင်များ စိုက်ပျိုး ကာ ရှင်သန်ထိန်းသိမ်းရေးတို့ကို တာဝန်ရှိသူများကို မှာကြားပြီးနောက် စေတီတော်များအား ထုံးသင်္ကန်း ကပ်လှူပူဇော်ကာ အလှူငွေကျပ် ငါးသိန်း လှူဒါန်း သည်။
သတင်းစဉ်