
မန္တလေး စက်တင်ဘာ ၁၆
မန္တလေး အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရွေ့လျားကိုဗစ်- ၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့က ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က အနှိပ်တော်ရပ်ကွက် အကွက်(၁၂/က)ရှိ သမဂ္ဂဓမ္မာရုံ၌ ပြုလုပ်သည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရွေ့လျားကိုဗစ်- ၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ သူနာပြုဆရာမကြီး ဒေါ်နော်စန်းစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်နေပြည်သူ ၃၆ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ အခမဲ့ စစ်ဆေးပေးခြင်းဖြစ်ကာ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါက်တာလင်းလင်းချစ်နှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ပြီး အနှိပ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးကျော်နှင့် အဖွဲ့ဝင် များကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇော်လင်းဦး
(အောင်စံ)