မန္တလေးမြို့တွင်းလမ်းများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အမှတ်အသားများ စနစ်တကျထားပြီး ကြိုတင်ပညာပေးကာလဆောင်ရွက်ရန်လို

 

မန္တလေး   နိုဝင်ဘာ  ၁၃


မန္တလေးတိုင်းဒေသကြီးအတွင်း   ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်း အစည်းအဝေးကို  ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေး၌  တိုင်းဒေသ ကြီး ဝန်ကြီးချုပ်   ဦးမောင်ကိုက မန္တလေးမြို့သည်   မြို့ပြဖွံ့ဖြိုးမှု၊ စီးပွားရေး   အချက်အချာကျမှု၊ လူဦးရေ   တိုးပွားလာမှုနှင့်အတူ ယာဉ်သုံးစွဲမှုများပြားလာရာ ယာဉ် အန္တရာယ်ကင်းရှင်းရေး   ဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်   ပြည်သူများ နှင့် တိုက်ရိုက်ထိတွေ့ရသဖြင့် မိမိ ဌာန၊ အဖွဲ့အစည်း၏ ပုံရိပ်ထိခိုက် မှု မရှိရန်    ပြုမူဆက်ဆံသွားရန် လိုအပ်ကြောင်း၊ မန္တလေးမြို့တွင်း လမ်းများတွင်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း   အမှတ်အသား များနှင့် လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျထားပြီး      ကြိုတင် ပညာပေးကာလ သတ်မှတ်ဆောင် ရွက်ရန်လိုကြောင်း       ပြောကြားသည်။ 

 


ဆက်လက်၍ တိုင်းဒေသကြီး  လုံခြုံရေးနှင့်   နယ်စပ်ရေးရာ ဝန်ကြီး  ဗိုလ်မှူးကြီး ကျော်ကျော် မင်းနှင့် တိုင်းဒေသကြီး   လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး   ရဲမှူးချုပ် စိန်လွင်တို့က     ယာဉ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ မူဝါဒများနှင့် စီမံခန့်ခွဲမှုဆိုင်ရာများ၊  မြို့နယ် များအလိုက်   ရွေ့လျားပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့် ဆောင် ရွက်မည့်အစီအမံများကို လည်း ကောင်း၊ တက်ရောက်လာကြသူ များက ယာဉ်အန္တရာယ်ကင်းရှင်း ရေးနှင့် ပတ်သက်၍ အကြံပြုချက် များကို လည်းကောင်း   ဆွေးနွေး တင်ပြကြရာ           တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

 

မန္တလေးခရိုင်အတွင်း အများ ပြည်သူများ   လုံခြုံစိတ်ချစွာဖြင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များနှင့်အညီ   ယာဉ်အန္တရာယ် ကင်းရှင်းစွာ စနစ်တကျသွားလာ နိုင်ရေးအတွက် နိုဝင်ဘာ ၁၃ ရက် မှ ၂၀ ရက်အထိ ပညာပေးကာလ အဖြစ် သတ်မှတ်ပြီးနောက် ယာဉ် စည်းကမ်း၊   လမ်းစည်းကမ်းနှင့် အညီ  သွားလာမှုမရှိသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်