မန္တလေးမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်း

 

နေပြည်တော်   မတ်   ၂၁


မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်   ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့်   တာဝန်ရှိသူများ၊   ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး  လက်နက်များတပ်ဆင် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင် အပ်နှင်းပေးသည်။

ယင်းနောက်  တိုင်းမှူးနှင့် တာဝန် ရှိသူများက တပ်ဆင်ပေးသည့် လက်နက်များအား လိုက်လံကြည့်ရှုကြပြီး ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များကို  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။              

သတင်းစဉ်