မန္တလေးမြို့ရှိ မဟာလောကမာရဇိန်(ကုသိုလ်တော်)ဘုရားသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်မှုများပြား

 

မန္တလေး    ဒီဇင်ဘာ    ၁၀


မြန်မာနိုင်ငံအတွင်းရှိ      အထင်ကရနေရာများသို့ ခရီးသွားများ   လာရောက်လည်ပတ်မှု များပြားလျက် ရှိရာ မန္တလေးမြို့   အောင်မြေသာစံမြို့နယ်ရှိ    ကမ္ဘာ့ အမွေအနှစ်မှတ်တမ်းဝင်    ကျေက်စာများထားရှိရာ မဟာလောကမာရဇိန်   (ကုသိုလ်တော်)    ဘုရားသို့ လည်း  ပြည်တွင်း၊    ပြည်ပခရီးသွား   အများအပြား လာရောက်လေ့လာဖူးမြော်လျက်ရှိကြောင်း     သိရ သည်။ 
ကိုဗစ် -၁၉  ကပ်ရောဂါ  စည်းမျဉ်းစည်းကမ်းများ ကြောင့် ယခင်က မြန်မာနိုင်ငံသို့  ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု    လျော့နည်းခဲ့သော်လည်း ယခုအခါတွင်    ကိုဗစ် - ၁၉   ကပ်ရောဂါ    စည်းမျဉ်း စည်းကမ်းများအား  ဖြေလျော့ပေးခဲ့သည့်အတွက်  နိုင်ငံအတွင်းရှိ               အထင်ကရနေရာများသို့    နိုင်ငံခြားသားခရီးသည်များ         စိတ်ဝင်တစား  လာရောက်လည်ပတ်လျက်ရှိသည်။ 

 


ထို့ကြောင့်  မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားသို့ လည်း ပြည်တွင်း၊   ပြည်ပခရီးသွားများ    မိသားစု လိုက်သော်လည်းကောင်း၊    အဖွဲ့လိုက်သော်လည်း ကောင်း၊  လာရောက်ကြပြီး ဘုရားအတွင်းရှိ  ကမ္ဘာ့ အမွေအနှစ် မှတ်တမ်းဝင်ကျောက်စာများ၊ သက်တမ်း ရင့်     ခရေပင်ကြီးများကို   အများဆုံးလေ့လာကြ ကြောင်း    ကုသိုလ်တော်ဘုရား     တာဝန်ရှိသူထံမှ သိရသည်။ 
“ကိုဗစ် - ၁၉ ကပ်ရောဂါ  ဖြစ်ပွားနေတဲ့အချိန်မှာ တော့    ခရီးသွားလာရောက်မှုနည်းပါတယ်။  အခု ရောဂါတွေ   လျော့နည်းသွားတော့  ပြည်ပခရီးသွား ဧည့်သည်တွေ  အတော်လေးဝင်လာကြပါပြီ။  ပြည်ပ ခရီးသွားဝင်ရောက်မှုအနေနဲ့     အောက်တိုဘာလမှာ  ၃၀၊   နိုဝင်ဘာလမှာ ၂၅  ဦးဖြစ်ပါတယ်။   နိုင်ငံတွေ အနေနဲ့   ထိုင်းနိုင်ငံ၊   တရုတ်နိုင်ငံနဲ့  အမေရိကန် နိုင်ငံတို့က   ခရီးသည်တွေဖြစ်ပါတယ်။    ပြည်တွင်း ခရီးသွားကတော့ ပုံမှန်လာရောက်ဖူးမြော်နေကြပါ တယ်” ဟု  ကုသိုလ်တော်ဘုရားမှ ဝန်ထမ်းတစ်ဦး ကပြောသည်။ 

 


ကုသိုလ်တော်ဘုရားသို့ စိတ်အေးချမ်းသာယာစွာ လာရောက်လေ့လာ   ဖူးမြော်နိုင်ရေးအတွက်လည်း လိုအပ်သည့်နေရာများအား     ပြုပြင်မွမ်းမံသွားမည် ဖြစ်ပြီး   အလှူရှင်များအနေဖြင့်လည်း   လာရောက် လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။ 
ကုသိုလ်တော် ဘုရားသို့   စနေ၊  တနင်္ဂနွေနေ့နှင့် ဥပုသ်ရက်များတွင်  လာရောက်ဖူးမြော်သူ   ပိုမိုများ ပြားသည့်အပြင်      နေ့ထူးနေ့မြတ်များတွင်လည်း ကြိတ်ကြိတ်တိုးစည်ကားသဖြင့်     ဘုရားဖူးများ၏ လုံခြုံရေးအတွက်လည်း    ဂရုတစိုက်ဆောင်ရွက်ပေး ကြောင်း၊    ဘုရားဖူးပြည်သူများ  စိတ်အေးချမ်းပျော်ရွှင် စွာ  ဖူးမြော်နိုင်ရေးအတွက် အလှူရှင်များအနေဖြင့် လည်း အအေးများ၊  ထမင်းဘူးများဖြင့်  စတုဒိသာ ဧည့်ခံကျွေးမွေး ခြင်းများလည်းရှိကြောင်း၊  ဘုရားကြီး အား    ကိုဗစ် - ၁၉    စည်းကမ်းချက်များအရ  နံနက် ၆ နာရီမှ ညနေ ၆နာရီအထိ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ 


မောင်အေးချမ်း