မန္တလေးမြို့ပေါ်ရှိ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ စစ်ဆေး

နေပြည်တော်   ဇူလိုင်   ၁၁
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ နဒီမြန်မာဟိုတယ်၌    COVID-19   Test   Centre ပြုလုပ်ထားရှိမှုကို   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်  ကိုကိုဦး၊  တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု  စစ်ဆေး ရာ     တာဝန်ရှိသူတစ်ဦးက    လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  Best  Management  ဖြစ်အောင်   ပြင်ဆင်ထားရှိမှုများကို  ရှင်းလင်းတင်ပြရာ တိုင်းမှူး က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍  တိုင်းမှူးနှင့်အဖွဲ့သည်  ချမ်းမြ သာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း၌ COVID-19 ရောဂါ အတည်ပြု လူနာများအတွက် လိုအပ်သော   အောက်ဆီဂျင်များ  လုံလောက်စွာ ပေးအပ်နိုင်ရေးအတွက် ပြုလုပ်ထားသော Oxygen Plant နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်း၌ ပြင်ဆင် ဆောင်ရွက်နေသော COVID-19 ရောဂါ ကုသရေးဌာန တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ ကုသရေး ဌာနသည်   အရေးပေါ်လူနာ  ၆၀ ဆံ့  တစ်ခန်းနှင့် အတည်ပြုလူနာ ၇၂ ဦးဆံ့ နှစ်ခန်း  စုစုပေါင်း  ၂၀၄ ဦးကို  ကုသပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့သည် မန္တလေးမြို့နေ  ပြည်သူများအနေဖြင့်  COVID-19  ရောဂါ ကာကွယ် တားဆီးရေးအတွက် ထုတ်ပြန်ထား သော Stay at  Home စည်းကမ်းချက် လိုက်နာမှုအပေါ် မန္တလေး မြို့တွင်း မော်တော်ယာဉ်များဖြင့်   လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း  သတင်းရရှိသည်။ 
     သတင်းစဉ်